အင်ဒိုနီးရှားနိုင်ငံရဲ့ အပန်းဖြေ ဘာလီကျွန်းကောင်းကင်မှာ မီးတောင်ပေါက်ကွဲမှုက ထွက် လာ တဲ့ပြာတွေ ၂ ရက်ကြာ အုံ့ဆိုင်းနေခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ နိုင်ငံတကာ လေဆိပ်ကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
မီတာ ၈,၀၀၀ နီးပါး မြင့်မားအောင် မြင့်တက်လာခဲ့တဲ့ ပြာမှုန် တိမ်တိုက်တွေကြောင့် Agung တောင်အနီး ပတ်ဝန်းကျင်တဝိုက် လေဆိပ်ကို တနင်္လာနေ့ကစပြီး ပိတ်ထားခဲ့ရတဲ့အတွက် အဝင်အထွက် ခရီးစဉ် ၄၀၀ ကျော်ကို ဖျက်သိမ်းပြီး ခရီးသည် သောင်းနဲ့ချီ သောင်တင် နေခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ ပြာမှုန်တွေ လွှင့်ပြယ်သွားတဲ့အတွက် အခြေအနေ ပုံမှန်ဖြစ်လာခဲ့ရတယ် လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် Agung တောင်ရဲ့ ၁၀ ကီလိုမီတာ ပတ်ဝန်းကျင်က လူပေါင်း တသိန်းကျော်ကို ဖယ်ရှားခဲ့ရပြီး အချိန်မရွေး မီးတောင်ပေါက်ကွဲနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
Your browser doesn’t support HTML5
အင်ဒိုနီးရှား မီးတောင် ပေါက်ကွဲမှု