အမေရိကန်နဲ့ လွတ်လပ်စွာရေးသား ဖော်ပြခွင့်

အိန္ဒိယနိုင်ငံမှာ မွတ်ဆလင်တက်ကြွလှုပ်ရှားသူတချို့ အမေရိကန်အလံကို မီးရှို့ဆန္ဒပြနေစဉ်။

လွန်ခဲ့တဲ့ တနှစ်ကတည်းက လော့စ်အိန်ဂျလိစ်မြို့မှာ ရိုက်ကူးခဲ့ပြီး အင်တာနက်မှာ ပျံ့နှံ့နေတဲ့ Innocent Of Muslim လို့ အမည်ပေးထားတဲ့ ဗွီဒီယိုဇာတ်လမ်းတခုကြောင့် တိုင်းပြည်တချို့မှာ ကန့်ကွက် ဆန္ဒပြ မှုတွေ၊ အကြမ်းဖက်မှုတွေ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပေါ်ပေါက်ခဲ့ရပါတယ်။

ရိုက်ကူးသူဟာ အီဂျစ်ကနေ အမေရိကန်မှာ လာရောက် အခြေချနေထိုင်သူ နီကိုလာ၊ ဘာစ်လီ၊ နီကိုလာ ဆိုသူက ဘဏ်စာရင်း လိမ်လည်မှုနဲ့ အဖမ်းခံခဲ့ရသူဖြစ်ပြီး လောလောဆယ် ခံဝန်ချက် နဲ့ နေ နေရသူဖြစ်ပါ တယ်။ ဒါပေမဲ့ သူ့ကို ခံဝန်ချက် ချိုးဖောက်မှု ရှိမရှိသာ ခေါ်ယူစစ်ဆေးနိုင်ခဲ့ပေမဲ့ လွတ်လပ်စွာ ပြောဆိုရေး သားပိုင်ခွင့်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အခြေခံဥပဒေပါ အခွင့်အရေး အရ ဗွီဒီယိုရိုက်ကူးတာကိုတော့ ပြစ်မှုကျူးလွန်တယ်လို့ ပြောလို့မရကြောင်း- ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ သုံးသပ် တင်ပြထားပါတယ်။