နိုင်ငံတကာ အဂတိမှု တိုက်ဖျက်ရေးနေ့

FILE - U.S. dollars and Venezuelan Bolivares "fuertes" bills are seen in Caracas, Aug. 17, 2009.

ဒီကနေ့ဟာ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ဖြစ်ပါတယ်။ အဂတိလိုက်စားမှုကြောင့် ကမ္ဘာ့စီးပွားရေးကို နှစ်စဉ် ဒေါ်လာသန်းပေါင်း ၂.၆ သန်း နစ်နာရတဲ့အကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထား ပါတယ်။

ဒေါ်လာသန်းပေါင်း ၂.၆ သန်းဆိုတဲ့ပမာဏက ကမ္ဘာ့အသားတင်ကုန်ထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်းထက် ကျော်ပါတယ်။ အဂတိလိုက်စားမှုဟာ အသိုင်းအဝိုင်းအားလုံးရဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဆုတ်ယုတ်စေတဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှု မြောက်ကြောင်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ တနှစ်ကို လာဘ်ငွေအနေနဲ့ ဒေါ်လာ သန်းပေါင်း ၁ သန်း နစ်နာရကြောင်း စစ်တမ်းတွေက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာကို အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကို ရနိုင်ဖို့ ကမ္ဘာ့လူဦးရေရဲ့ ၄ ပုံ ၁ ပုံက လာဘ်ငွေ ပေးနေရတဲ့အကြောင်း ကမ္ဘာ့အဂတိလိုက်စားမှုတိုင်းထွာရေးအဖွဲ့ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

အမေရိကန်ကလည်း ဒီကနေ့မှာ ကျရောက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံအားလုံး အနေနဲ့ အဂတိလိုက်စားမှု ကုလလုပ်ဆောင်ချက်မှာ ပါဝင်တဲ့အပြင် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သန္ဒိဌာန်ချမှတ်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဂတိလိုက်စားမှုဟာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အားပေးတဲ့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင်းနှေးစေပြီး နိုင်ငံရဲ့ ဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေစီကိုလည်း များစွာ ထိခိုက်နိုင်ကြောင်း သောကြာနေ့က ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

နိုင်ငံတကာ အဂတိမှု တိုက်ဖျက်ရေးနေ့