မြန်မာပြည်ဆိုင်ရာ ဗြိတိန်သံအမတ်ရဲ့ နိုင်ငံတကာဒီမိုကရေစီနေ့သဝဏ်လွှာ

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့မှာ မြန်မာပြည်သူတွေ အားလုံးအတွက် အကျိုးခံစားနိုင်တဲ့ အပြည့်အဝ ဒီမိုကရေစီလမ်းဆီ ဆက်ပြီး ဦးတည်သွားဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ ထူးခြားမှုရှိခဲ့သလို သမ္မဦးသိန်းစိန်ရဲ့ ဦးဆောင်မှုကိုလည်း ဗြိတိန်အစိုးရက ချီးကျူးတယ်၊ စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးပေမယ့် အပြည့်အဝ ဒီမိုကရေစီစနစ်ဆီကို ဦးတည်နေတဲ့လမ်းကို ဆက်ပြီး သွားဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး တာဝန်ခန့်အပ်ခံထားရတဲ့ Andrew Patrick က နိုင်ငံ တကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထားပါတယ်။

အားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ တချိန်ထဲမှာ ပွင့်လင်း မြင်သာတဲ့ လူ့ဘောင်ပေါ်ပေါက်ရေးကို ဗြိတိန်အစိုးရက အားပေးထောက်ခံဖို့
သံန္နိဋ္ဌာန်ချထားတယ်ဆိုတာကိုလဲ ဗြိတိန်သံအမတ်ကြီးက ထပ်ပြီးပြောထားပါတယ်။

Strengthening Voices for Democracy ဒီမိုကရေစီအတွက် အားလုံးရဲ့ အသံကို ကြားနိုင်အောင် အားပေးရေးဆိုတဲ့ ဒီနှစ် နိုင်ငံတကာဒီမိုကရေစီနေ့ရဲ့
ခေါင်းစဉ်က မြန်မာနိုငံအတွက် အင်မတန်မှ ကိုက်ညီ သင့်လျော်မှုရှိပြီး ဒီလို အခြေအနေဖြစ်အောင် အစိုးရနဲ့ရော လူထုအခြေပြုအဖွဲ့တွေနဲ့ပါ
ဗြိတိန်အစိုးရက လက်တွဲဆောင်ရွက်သွားဖို့ ရှေ့ရှုပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးအဖြစ် တာဝန်ပေးခံထားရတဲ့ Andrew
Patrick က ဒီမိုကရေစီနေ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှုနဲ့ ပြည်သူတွေရွေးချယ် ဆုံးဖြတ်နိုင်မှုပေါ်အခြေခံတဲ့ ခံစားပိုင်ခွင့် လူတိုင်းရရှိနိုင်ရေးကို မီးမောင်းထိုးပြတဲ့ အနေနဲ့ September ၁၅ ရက်နေ့ကို နိုင်ငံတကာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။