အမျိုးသမီးတွေ တန်းတူညီမျှခွင့် ရဖို့အတွက် “လှုပ်ရှားမှုတွေ အရှိန်မြှင့်ကြစို့” (#AccelerateAction) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကမ္ဘာတဝန်းက အမျိုးသမီးတွေ တောင်းဆို လှုပ်ရှားကြပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာက အမျိုးသမီးအဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး ချီတက် ဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားတာ ရှိသလို မြန်မာအမျိုးသမီး အထည်ချုပ် အလုပ်သမားတွေအကြောင်း ကာတွန်းစာအုပ် တအုပ်ကိုလည်း ထုတ်ဝေမယ့်အကြောင်း Sisters 2 Sisters အမျိုးသမီး အဖွဲ့က ပြောပါတယ်။ နိုင်ငံတကာ အမျိုးသမီးများနေ့ လှုပ်ရှားမှုတွေ အကြောင်း Sisters 2 Sisters အဖွဲ့က ဦးဆောင် ကော်မတီဝင် မသင်ဇာရွှန်းလဲ့ရည်ကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ ‘လှုပ်ရှားမှုတွေ အရှိန်မြှင့်ဖို့’ နှိုးဆော်
Your browser doesn’t support HTML5
အမျိုးသမီးတွေ တန်းတူညီမျှခွင့် ရဖို့အတွက် “လှုပ်ရှားမှုတွေ အရှိန်မြှင့်ကြစို့” (#AccelerateAction) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကမ္ဘာတဝန်းက အမျိုးသမီးတွေ တောင်းဆို လှုပ်ရှားကြပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။