[[Zawgyi/Unicode]]
ကမ္ဘောဒီးယားနိုင်ငံက အင်တာနက်လိုင်းတွေကို တိုးပြီးထိန်းချုပ်လာတာဟာ အတိုက်အခံတွေရဲ့အသံတွေ ထပ်ပြီး တိတ်သွားအောင်လုပ်တာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး အင်တာနက်လိုင်းအားလုံး အစိုးရထိန်းချုပ်မှုအောက်က ဖြတ်ကျော်လုပ်ကိုင်ဖို့ ကမ္ဘောဒီးယားအစိုးရရဲ့အမိန့်ကြောင့် ပုဂ္ဂိုလ်ရေးကိစ္စနဲ့ လွတ်လပ်စွာပြောဆိုခွင့်အပေါ် ဆိုးရွားစွာထိခိုက်လာလိမ့်မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးပညာရှင်တွေက သတိပေးပါတယ်။ အွန်လိုင်းကရေးသားဖော်ပြချက်တွေကြောင့် လတ်တလော ဒါဇင်နဲ့ချီ အဖမ်းခံထားရတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ဒါဟာ အတိုက်အခံတွေကိုနှိမ်နှင်းတဲ့ အာဏာရှင်ဝန်ကြီးချုပ် Hun Sen ရဲ့ နောက်ထပ်လုပ်ရပ်တခု ဖြစ်တယ်လို့ ဝေဖန်သူတွေကပြောကြပါတယ်။
တရားမျှတမှုကင်းမဲ့တာနဲ့ အကျင့်ပျက်ခြစားမှုတွေအကြောင်း သီချင်းရေးသားခဲ့တဲ့အတွက် Hip-hop အဆိုတော် Kea Sokun လည်း အဲဒီလို အဖမ်းခံခဲ့ရသူတွေထဲမှာတဦးအပါအဝင်ပါ။ YouTube အွန်လိုင်းဗွီဒီယိုစာမျက်နှာမှာ သူ့သီချင်းကိုဝင်ကြည့်သူပေါင်း သန်းချီရှိလာခဲ့တဲ့အချိန် ၂၀၂၀ စက်တင်ဘာမှာ ရဲတို့က Sokun ကို သူ့အိမ်မှာ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုနဲ့အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်ချက်နဲ့ ထောင်ဒဏ်တနှစ်ကျခံခဲ့ရတဲ့ Sokun က အစိုးရရဲ့ အင်တာနက်ထိန်းချုပ်မှုကြောင့် သူ့လို အလားတူ ကံကြမ္မာမျိုးနဲ့ရင်ဆိုင် ရမယ့်သူ တိုးလာမှာကို စိုးရိမ်နေပါတယ်။
Your browser doesn’t support HTML5
==========
[[Unicode]]
==========