
Your browser doesn’t support HTML5

----------------

NUG ခုခံစစ်ကြေညာမှု သုတေသီတဦးအမြင်

NUG အစိုးရအနေနဲ့ ခုခံစစ်ကြေညာလိုက်တာဟာ လေလှိုင်းအစိုးရမဟုတ်ပဲ လူထုထောက်ခံမှုနဲ့ စစ်အင်အားပါရှိကြောင်း နိုင်ငံတကာကို ပြသလိုတဲ့သဘောဖြစ်တယ်လို့ မြင်ကြောင်း အမေရိကန်အခြေစိုက် မြန်မာစစ်ဘက်ရေးရာလေ့လာသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ပြည်သူတွေပါ ထိခိုက်ဆုံးရှုံးမှုတွေ ရှိမယ့် စစ်အာဏာရှင် ဆန့်ကျင်တဲ့ ခုခံစစ်ပွဲကို NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘာကြောင့် စတင်ခဲ့သလဲ။ NUG အနေနဲ့ စစ်ရေးအရ တကယ်ပဲ အဆင်သင့်ဖြစ်နေသလား။ ကုလသမဂ္ဂညီလာခံရဲ့ Credential Committee မှာမြန်မာနိုင်ငံကိုယ်စားလှယ်ရွေးချယ်တော့မယ့် အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲ။
ဝါရှင်တန်ဒီစီအခြေစိုက် The Woodrow Wilson International Center က စစ်ဘက်ရေးရာလေ့လာသုံးသပ်သူ ကိုရဲမျိုးဟိန်းကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။