၆ လကြာ ထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာသူ ဒေါ်ဘောက်ဂျာနဲ့ မေးမြန်းချက်

ကချင်ပြည်နယ်မှာ လယ်မြေသိမ်းကိစ္စအပါအဝင် လူ့အခွင့်အရေးတွေကို တစိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်၊ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌလည်းဖြစ်သူ ဒေါ်ဘောက်ဂျာဟာ လူသေမှုအပါအဝင် အမှု ၃ ခုနဲ့ ပြီးခဲ့တဲ့နှစ် ဂျူလိုင်လက ဖမ်းဆီးခံခဲ့ရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ သောကြာနေ့မှာတော့ ဖားကန့်တရားရုံးက အမှုစီရင်ချက်ချပြီး ယစ်မျိုးဥပဒေပုဒ်မ ၃၃ နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပေမဲ့ ချုပ်ရက်ကလည်း ၆ လရှိခဲ့တာကြောင့် ဒေါ်ဘောက်ဂျာ ပြန်လည် လွတ်မြောက်လာခဲ့ပါပြီ။ ဒေါ်ဘောက်ဂျာရဲ့ အမှုဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ရှိ-မရှိ အတိုင်းအတာကို မှတ်ကျောက်တင် စမ်းသပ်လိုက်တာလည်း ဖြစ်တယ်လု့ိ ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။