မြန်မာ့ကော်ဖီ နိုင်ငံတကာကို ထိုးဖောက်နိုင်မလား

ကော်ဖီ

မြန်မာနိုင်ငံကထွက်တဲ့ ကော်ဖီတွေဟာ အရည်အသွေး ကောင်းမွန်ပြီး နိုင်ငံတကာ အဆင့်မှီ အရည်အသွေးကောင်းမွန်တဲ့ ကော်ဖီတွေဖြစ်တဲ့အတွက် နိုင်ငံတကာကို ဝင်ရောက် ထိုးဖောက်လာနိုင်နေပြီလို့ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးရဲမြင့်က ပြောပါတယ်။ အမေရိကန်နိုင်ငံ၊ Georgia ပြည်နယ်၊ Atlanta မြို့မှာ ကျင်းပတဲ့ ကော်ဖီပြပွဲမှာ မြန်မာ့ကော်ဖီတွေကို ဝင်ရောက် ပြသခဲ့တဲ့ ကိုရဲမြင့်ကို ကိုဇော်ဝင်းလှိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံကိုတော့ အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ နားဆင်ကြရမှာပါ။