ရှမ်းတိုင်းရင်းသူ ဒေါ်နန်းလောင်လင်ဝမ်း ဟာ ဝါရှင်တန်ဒီစီ အခြေစိုက် NED မှာ မနေ့က စာတမ်းဖတ်ပွဲ ကျင်းပခဲ့ပါတယ်။ သူဟာ SWAN လို့ခေါ်တဲ့ ရှမ်းအမျိုးသမီးရေးအဖွဲ့ကို ပူးတွဲမတည် တည်ထောင်ခဲ့သူ ဖြစ်ပြီးတော့ အမျိုးသမီးရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားရေးတို့ကိုလည်း ဆောင်ရွက်ပေးနေသူပါ။ သူ့စာတမ်းနဲ့ပတ်သက်လို့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။