Iowa ပြည်နယ်မှာ ကျင်းပတဲ့ ရီပတ်ဗလစ်ကန်ပါတီဘက်က သမ္မတလောင်း အဖြစ်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေအကြား လူထုထောက်ခံမှု ဘယ်လောက်ရှိသလဲဆိုတဲ့ အစမ်း ရွေးကောက်ပွဲမှာ Minnesota ပြည်နယ် အောက်လွှတ်တော်အမတ် Michelle Bachmann က မဲအများဆုံး အနိုင်ရသွားခဲ့ပါတယ်။ ရီပတ်ဗလစ်ကန်ဘက်က ၂၀၁၂ သမ္မတရွေးကောက်ပွဲကို ဦးတည်တဲ့ မဲဆွယ်စည်းရုံးမှုတွေ အရှိန်မြှင့် စလုပ်လာနေတဲ့အချိန်မှာ သမ္မတအိုဘားမားလည်း အနောက်ဘက် အလယ်ပိုင်း ပြည်နယ်သုံးခုက မဲဆန္ဒရှင်တွေကို တွေ့ဆုံပြီး စီးပွားရေးနဲ့ အလုပ်အကိုင်ကိစ္စတွေကို ဆွေးနွေးပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။
Iowa ပြည်နယ် အစမ်း ဆန္ဒကောက်ခံပွဲ Michelle Bachmann မဲအများဆုံးရ
Republican presidential candidate Rep. Michele Bachmann, R-Minn., waves to supporters outside her campaign bus after being named the winner of the Iowa Republican Party's Straw Poll, Saturday, Aug. 13, 2011, in Ames, Iowa. (AP Photo/Charlie Neibergall)
Iowa ပြည်နယ်မှာ ကျင်းပတဲ့ ရီပတ်ဗလစ်ကန်ပါတီဘက်က သမ္မတလောင်း အဖြစ်ယှဉ်ပြိုင်မယ့်သူတွေ အစမ်းဆန္ဒကောက်ခံပွဲမှာ Michelle Bachmann မဲအများဆုံးရခဲ့ပါတယ်။