အီရန်သမ္မတဟောင်း Mahmoud Ahmadinejad က နောက်နှစ်ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်ဆိုရင် သဘောထားကွဲပြားမှုတွေ ကြီးထွားလာလိမ့်မယ်လို့ နိုင်ငံ့ဥသျှောင် Ayatollah Ali Khamenei က သတိပေးခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
သမ္မတဟောင်း အမာဒီနီဂျတ်ရဲ့ ယှဉ်ပြိုင်မှုက အီရန်လူ့အသိုင်းအဝိုင်းကြား တဘက်စွန်းရောက်စေနိုင်သလို၊ တိုင်းပြည်မှာ ကွဲလွဲမှုတွေဖြစ်အောင် ဖန်တီးရာရောက်လိမ့်မယ်လို့ နိုင်ငံ့ရေးရာကိစ္စရပ်အားလုံးမှာ နောက်ဆုံး ဆုံးဖြတ်ချက်ချသူ ခါမေနီ က ပြောဆိုထားတဲ့အကြောင်း တနင်္လာနေ့က ကိုးကားပြောဆိုခဲ့တာပါ။
အီရန်သမ္မတဟောင်း မာမွတ် အမာဒီနီဂျတ်ဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ၄ နှစ်သမ္မတသက်တမ်းကို ၂ ကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ သူ ဖြစ်ပါတယ်။
အမာဒီနီဂျတ် နှုတ်ထွက်လိုက်တဲ့အတွက် - မေလရွေးကောက်ပွဲမှာ ဒုတိယအကြိမ် သမ္မတသက်တမ်း ပြန်လည်အရွေးခံဖို့ ကြိုးပမ်းနေတဲ့ သမ္မတ ဟာဆန် ရဟာနီအတွက်တော့ အဓိက စိန်ခေါ်မှုတခု လျော့ပါးသွားပါတယ်။ ဒါပေမဲ့လည်း သမ္မတ ရဟာနီ အနေနဲ့ကတော့ အနောက်နိုင်ငံတွေနဲ့ ပြေပြေလည်လည် ဆက်ဆံနေတဲ့ သူ့ရဲ့ မူဝါဒအပေါ် ဆန့်ကျင်တဲ့ စိန်ခေါ်သူတယောက်နဲ့ ရင်ဆိုင်ရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။
Your browser doesn’t support HTML5
အီရန်သမ္မတဟောင်း ၂၀၁၇ ရွေးကောက်ပွဲ ဝင်မည်မဟုတ်