အီရန်က လာတဲ့ အကောင့် ၈၀ ကျော် Facebook ပိတ်ပင်

အီရန်နိုင်ငံတွင်းကနေ စတင်ခဲ့တဲ့ Facebook အကောင့်တွေ၊ page တွေ၊ group အကောင့်တွေနဲ့ Instagram အကောင့် စုစုပေါင်း ၈၂ ခုကို ဖယ်ရှားလိုက်ကြောင်း Facebook ကုမ္ပဏီက မနေ့ သောကြာနေ့က ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ တချို့အကောင့်ပိုင်ရှင်တွေဟာ အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် ဗြိတိန်နိုင်ငံ တွေမှာ နေထိုင်သူတွေအဖြစ် ပို့စ်တွေကို ရေးသားတင်နေကြတာဖြစ်သလို လစ်ဘရယ်နိုင်ငံရေးအကြောင်း တွေကို တွယ်တာမှာ တင်နေကြတာဖြစ်ပါတယ်။

Facebook ကုမ္ပဏီရဲ့ ပြောဆိုချက်အရ Facebook page တခုဆိုရင် နောက်လိုက်ပေါင်း တသန်းကျော်မက ရှိနေတာပါ။ ဒါပေမယ့်လည်း Facebook ကို အသုံးပြုပြီး အင်တာနက်လူမှုကွန်ယက်ပေါ်မှာ ချိတ်ဆက်လှုပ်ရှား တဲ့ အပြုအမူဟာ အီရန် အစိုးရနဲ့ ဆက်စပ်မှုရှိမရှိဆိုတာ သူတို့ မသိကြောင်း Facebook ကုမ္ပဏီက ပြောပါ တယ်။

Facebook နဲ့ Instagram တွေမှာ တင်ထားတဲ့ ပို့စ်တွေ လူတွေ ပိုပြီး ကြည့်ရှုနိုင်ဖို့ အမေရိကန် ဒေါ်လာ ၁၀၀ အောက် သုံးစွဲတာနဲ့ ရနိုင်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။

အခု ဖယ်ရှားလိုက်တဲ့ အကောင့်တွေ၊ page တွေနဲ့ group တွေဟာ အရင် သြဂုတ်လတုန်းက သူတို့ပိတ်ခဲ့တဲ့ အကောင့်တွေနဲ့ ဆက်စပ်မှုတွေရှိနေကြောင်း “အီရန်နိုင်ငံက အစစ်အမှန်မဟုတ်ပဲ ယုံကြည်လို့မရတဲ့ ချိတ်ဆက် လှုပ်ရှားတဲ့ အပြုအမူတွေကို ဖယ်ရှားခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook ကုမ္ပဏီက ရေးထားတဲ့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။ သူတို့တွေဘယ်သူတွေလဲ၊ သူတို့ ဘာတွေလုပ်နေလဲဆိုတာ အခြားလူတွေကို လိမ်လည်လှည့်စားဖို့ လူတွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေကနေ ဒီ ကွန်ယက် အကောင့်တွေဖန်တီး တည်ဆောက်ထားတာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

Your browser doesn’t support HTML5

အီရန်က လာတဲ့ အကောင့် ၈၀ ကျော် Facebook ပိတ်ပင်