အီရန်မှာ Nuclear ဗုံးထုတ်လုပ်နေလို့ အစ္စရေးစွပ်စွဲ

A woman fills her basket with marigold flowers, used to make garlands and offer prayers, as she plucks them before selling to the market for the Tihar festival, also called Diwali, in Kathmandu, Nepal.

အီရန်ဟာ သူ့ကို နျူကလီယားလက်နက် မထုတ်ဖို့ ကြိုးပမ်းတဲ့ ၂၀၁၅ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖေါက်ပြီး နျူကလီယား လက်နက်တွေ ထုတ်ဖို့လုပ်ရင်း ဗြောင်လိမ်ညာနေတယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့မှာ စွပ်စွဲ လိုက်ပါတယ်။

အစ္စရေးထောက်လှန်းရေးတွေ ဖမ်းဆီးမိတယ်လို့ ပြောတဲ့ အီရန်နျူကလီယားအစီအစဉ်ဆိုင်ရာ စာရွက်စာတမ်းတွေ၊ စာရင်းဇယားတွေ၊ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေပါဝင်တဲ့ မိတ္တူအမြောက်အများ ကို ဝန်ကြီးချုပ် Netanyahu က အစ္စရေးရုပ်သံကနေ ပြည်သူကို ပြောကြားချိန်မှာ ချပြခဲ့တာပါ။ အီရန်ရဲ့ နျူကလီယားအစီအစဉ်ဆိုင်ရာ စာမျက်နှာ တသိန်းကျော်ပါဝင်တဲ့ စာရွက်စာတမ်းတွေကို အစ္စရေးက တွေ့ရှိခဲ့တာဖြစ်ပြီး လုံခြုံတဲ့ နေရာမှာ သိမ်းဆည်းထားကြောင်းလည်း ပြောပါတယ်။

အခုရရှိတဲ့ အထောက်အထားတွေအရ အီရန်ဟာ နျူကလီယားဗုံး ထုတ်ဖို့ လုပ်နေတယ် ဆိုတာကို ပြည့်စုံတဲ့ သက်သေအထောက်ထား သစ်ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုလို ပြောကြားတဲ့ အစ္စရေးဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး အီရန်ဘက်က တစုံတရာ ပြန်လည်မပြောကြားသေးပါဘူး။ ဒါပေမယ့် အီရန် နိုင်ငံခြားရေးဝန်ကြီး Javad Zarif ကတော့ တချို့လူတွေကိုသာ ထပ်တလဲလဲ အရူးလုပ်လို့ ရမယ်လို့ အရင်တုန်းက ပြောကြားခဲ့ဘူးပါတယ်။

Your browser doesn’t support HTML5

အီရန်မှာ Nuclear ဗုံးထုတ်လုပ်နေလို့ အစ္စရေးစွပ်စွဲ