IAEA အစီရင်ခံစာ အီရန်ပယ်ချ

IAEA အစီရင်ခံစာ အီရန်ပယ်ချ

အီရန်နိုင်ငံက သူ့ရဲ့ နြူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ စိုးရိမ်နေတာတွေကို ပယ်ချလိုက်ပြီး သူ့ရဲ့ ငြိမ်းချမ်းတဲ့ နြူကလီးယား အစီအစဉ်ကို ဆက်လုပ်သွားမယ်လို့
ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ နြူကလီးယား စောင့်ကြည့်ရေးအေဂျင်စီ IAEA က အီရန်နိုင်ငံအနေနဲ့ နြူကလီးယား လက်နက်ထုတ်ဖို့ ရည်ရွယ်ထားတဲ့ လုပ်ဆောင်မှုတွေကို အခိုင်အမာ တွေ့ထားကြောင်း ပြောလိုက်ပါတယ်။

ဒါပေမယ့် အီရန်ဖက်ကတော့ အခုလို IAEA က နြူကလီးယား လက်နက်ထုတ်ဖို့ လုပ်နေတယ်လို့ စွပ်စွဲတာကို အမြဲ ပယ်ချလာခဲ့တာ နှစ်ပေါင်း ကြာလာခဲ့ပါပြီ။

အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီ IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီရဲ့ အစီရင်ခံစာထဲမှာ နြူကလီးယား စမ်းသပ်မှု အစိတ်အပိုင်းတွေ အပါအဝင် နြူကလီးယား လက်နက် ပုံစံတွေ စလုပ်နေတာ တွေ့ခဲ့ရတယ်လို့ အထူး စိုးရိမ်နေကြောင်း ထုတ်ပြောလိုက်ပါတယ်။

ဒါပေမယ့် IAEA နိုင်ငံတကာ နြူကလီးယားစောင့်ကြည့်ရေးဆိုင်ရာ အီရန် သံအမတ်ကြီးဘက်ကတော့ ဒီအစီရင်ခံစာဟာ သမိုင်းဝင် မှားယွင်းမှုကြီးဘဲလို့ ပြန်ပြေလိုက်ပါတယ်။ သံအမတ်ကြီး Ali Asghar Soltanieh က ဒီအစီရင်ခံစာထဲမှာ အရင် အီရန်နိုင်ငံဘက်က မှားတယ်လို့ သက်သေပြထားပြီးတဲ့ အချက်အလက်တွေကိုတောင် ပြန်ထည့်သုံးထားတယ်လို့ ဝေဖန်လိုက်ပါတယ်။

နိုင်ငံပိုင် မီဒီယာထဲမှာ ဒီသံအမတ်ကြီးကဘဲ အခုနောက်ဆုံး ထုတ်ပြန်ချက်ဟာ ဘက်မျှမှု မရှိဘဲ နောက်ခံ နိုင်ငံရေးရည်ရွယ်ချက် တခုတည်းနဲ့လုပ်တာလို့ စွပ်စွဲလိုက်ပါတယ်။