Yellowcake ယူရေနီယံ ထုတ်လုပ်နိုင်ကြောင်း အီရန်ကြေညာ

Yellowcake ယူရေနီယံ ထုတ်လုပ်နိုင်ကြောင်း အီရန်ကြေညာ

Yellowcake ယူရေနီယံ ထုတ်လုပ်နိုင်ကြောင်း အီရန်ကြေညာ

အစ်စ်ဖာဟန် (Isfahan) စက်ရုံမှာ အသွင်ပြောင်းဖို့အတွက် Yellowcake ခေါ် ပိုအားကောင်းတဲ့ ယူရေနီယံကို ပထမအသုတ်အဖြစ် ထုတ်လုပ်ခဲ့တယ်လို့ အီရန်က ကြေညာပါတယ်။

သူ့ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ၆ နိုင်ငံ ဆွေးနွေးပွဲ နောက်တသုတ် ကျင်းပတဲ့အခါ အခုလို ထုတ်လုပ်နိုင်တာကြောင့် အီရန်ရဲ့ အနေအထားက ပိုအားကောင်းလာလိမ့်မယ်လို့ အီရန် နျူကလီးယားစွမ်းအင် အကြီးအကဲ အလီ အက်ခ်ဘာ ဆာလီဟီ (Ali Akbar Salehi) က အီရန် နိုင်ငံတော်ပိုင် ရုပ်မြင်သံကြားကို တနင်္ဂနွေနေ့က ပြောပါတယ်။

ဂျနီဗာမြို့မှာ တနင်္လာနေ့ စမယ့် ၂ ရက်ကြာ အစည်းအဝေးဟာ တနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

Yellowcake အရေအတွက် ဘယ်လောက် ထုတ်လုပ်လိုက်တယ် ဆိုတာကိုတော့ ဆာလီဟီက အတိအကျ မပြောပါဘူး။ သူ့ရဲ့ နျူကလီးယား အစီအစဉ်ဟာ လက်နက်ထုတ်လုပ်ဖို့ မဟုတ်ဘဲ စွမ်းအင်ထုတ်လုပ်ဖို့သာ ဖြစ်တယ်လို့ အီရန်က ဆက်လက်ပြီး အခိုင်အမာ ပြောနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကြေညာချက်ကြောင့် အီရန်ရဲ့ ရည်ရွယ်ချက်ကို ပို သံသယဖြစ်စရာ ဖြစ်ပြီး စိုးရိမ်မကင်း ဖြစ်စရာတွေလည်း ထပ်တိုးလာတယ်လို့ ဝါရှင်တန်မှာ အိမ်ဖြူတော် အရာရှိ တယောက်က ပြောပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက အလေးထားနေတဲ့ ကိစ္စတွေကို အီရန်နိုင်ငံ အနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ မိုက်ခ် ဟမ်းမား (Mike Hammer) က ဆိုပါတယ်။