ငြိမ်းချမ်းရေးဆွးနွေးပွဲ ကုလ အီရန်ဖိတ်ကြားမှု ဆီးရီးယား အတိုက်အခံ မကျေနပ်

စစ်မက်ဖြစ်ပွားနေဆဲ ဆီးရီးယားမြင်ကွင်း။ (ဇန်နဝါရီလ ၁၅၊ ၂၀၁၄)

အနောက်အုပ်စုတွေက ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယား အတိုက်အခံအင်အားစုတွေက အခုသီတင်းပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အီရန်ပါဝင်ဖို့ နောက်ဆုံးအချိန်ကျမှ ကုလသမဂ္ဂက ဖိတ်ကြားလိုက်တာ ပြန်လည် ရုပ်သိမ်းပေးခြင်း မရှိရင် ဆွေးနွေးပွဲက နှုတ်ထွက်မယ်လို့ ပြောပါတယ်။

အီရန်ကို ဖိတ်ခေါ်ထားတာ ကုလသမဂ္ဂ အနေနဲ့ ပြန်လည်ရုပ်သိမ်းပေးခြင်း မရှိရင် ဆွေးနွေးပွဲမှာ ပါမှာမဟုတ်ဘူးလို့ ဆီးရီးယားအမျိုးသား ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။

လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိတဲ့ ဆီးရီးယားအသွင်ကူးပြေင်းရေးအစိုးရကို အီရန်က လူသိရှင်ကြား ထောက်ခံခြင်း မရှိရင် ဗုဒ္ဓဟူးနေ့မှာ စတင်ဖို့ရှိတဲ့ ဂျနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အရန်တက်မယ့်အဆိုပြုချက်ကို မထောက်ခံဘူးလို့ အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ကလည်း ပြောပါတယ်။

တောင်းဆိုချက်တွေအတိုင်း သဘောတူမယ်လို့ အီရန်ဘက်က ကတိခံဝန်ချက် ရရှိခဲ့တဲ့အတွက် သူ့အနေနဲ့ အီရန်ကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။