အီရတ်မှာ ငါးကြင်း ထောင်ပေါင်းများစွာသေ
Your browser doesn’t support HTML5
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က အီရတ် နိုင်ငံ ဘက္ကဒက် မြို့ တောင်ပိုင်းက ငါးကန်တွေထဲက ငါးကြင်းတွေ ထောင်နဲ့ချီ သေနေတာကို တွေ့ခဲ့ရပါတယ်။ ရေညစ်ညမ်းမှုကြောင့် ဖြစ်ရတယ်လို့ ငါးမွေးသူတွေက သံသယရှိပြီးတော့ အီရတ် ကျန်းမာရေးဝန်ကြီးဌာနက ရေ နမူနာတွေကို ယူပြီး ဘာကြောင့် ဖြစ်ရတယ်ဆိုတာ ကို စုံစမ်းစစ်ဆေးနေပါပြီ။