NLD အစိုးရ ကာလုံ ခေါ်သင့်သလား

နေပြည်တော်မှာ ဇွန်လ ၈ ရက်နေ့ကပြုလုပ်သည့် တွေ့ဆုံပွဲကို တက်ရောက်ကြသည့် ခေါင်းဆောင်များ။

နေပြည်တော်မှာ ဇွန်လ ၈ ရက်နေ့ကပြုလုပ်သည့် တွေ့ဆုံပွဲကို တက်ရောက်ကြသည့် ခေါင်းဆောင်များ။

ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေး ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာအစိုးရ၊ တပ်မတော်နဲ့ လွှတ်တော် ထိပ်တန်းခေါင်းဆောင်တွေ ရှားရှားပါးပါး တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။ NLD အစိုးရ တက်လာပြီးကတည်းက နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ (ကာလုံ) အစည်းအဝေး ပြုလုပ်ခြင်း မရှိသေးတာကြောင့် ဒီလို တွေ့ဆုံမှုကနေ စစ်တပ်နဲ့ အစိုးရအကြား ပိုမို နွေးထွေးတဲ့ ဆက်ဆံမှုကို ဖြစ်ပေါ်စေမလား၊ ဒါမှမဟုတ် သဘောထား ကွဲပြားမှုတွေကို ပိုမို ကြီးထွားစေမလားဆိုတဲ့ သောတရှင်တွေရဲ့ အမြင်တွေကို မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး၊ ငြိမ်းချမ်းရေးနဲ့ ပြည်လည် ရင်ကြားစေ့ရေး ဌာနက ဥပဒေအကြံပေး ဒေါက်တာ Andrew Ngun Cung Lian ၊ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့က လူထုဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းတို့နဲ့ ကိုဇော်ဝင်းလှိုင်က အင်္ဂါည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

Your browser doesn’t support HTML5

NLD အစိုးရ ကာလုံ ခေါ်သင့်သလား