အီရန်အပေါ် စစ်ရေးရည်မှန်းချက်တွေ အောင်မြင်မှုရကြောင်း အစ္စရေးကြေညာ

Your browser doesn’t support HTML5

အီရန်နိုင်ငံကို စနေနေ့ညက တိုက်ခိုက်မှုတွေမှာ စစ်ရေးရည်မှန်းချက်တွေအတိုင်း အောင်မြင်မှုရခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း အစ္စရေးကို တိုက်ခိုက်ရာမှာ အီရန်က အသုံးပြုတဲ့ မစ်ဇိုင်းဒုံး ထုတ်လုပ်တဲ့ နေရာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။