အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသ ဗလီမှာ အနည်းဆုံး ၁၉ ဦး သေဆုံး

Your browser doesn’t support HTML5

ဂါဇာကမ်းမြှောင်ဒေသမှာ မွတ်ဆလင်ဗလီတခုကို ဒီကနေ့အစောပိုင်း အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။