ဓားစာခံ တတိယအသုတ် ပြန်လွှတ်ဖို့ ဟားမတ်စ်အဖွဲ့ စီစဉ်
Your browser doesn’t support HTML5
ဟားမတ်စ်အဖွဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ဒီကနေ့နှောင်းပိုင်းမှာ လွှတ်ပေးဖို့ စီစဉ်ထားတဲ့ လူစာရင်းကို လက်ခံရရှိခဲ့ကြောင်း အစ္စရေးက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲထားတာ ၄ ရက်မြောက်နေ့မှာ တတိယအသုတ်အဖြစ် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ စီစဉ်နေကြတာပါ။