အစ္စရေးလေကြာင်းတိုက်ခိုက်မှု ဟစ်ဇဘိုလာပြောခွင့်ရသေဆုံး

  • Voice of America

Smoke rises over buildings during an Israeli strike on Beirut's southern suburbs on November 14, 2024, amid the ongoing war between Israel and Hezbollah.

လက်ဘနွမ်နိုင်ငံ၊ ဘေရွတ်မြို့ထဲ တနင်္ဂနွေနေ့က အစ္စရေးလ်တို့လေကြောင်းတိုက်ခိုက်မှုမှာ ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူ သေဆုံးသွားပါတယ်။ တလကျော်ကာလအတွင်း ပထမဆုံး လေကြောင်းကနေ ပြန်လည်တိုက်ခိုက်တဲ့နေရာမှာ ဂါဇာဖက်က လူ၁၂ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ပါလက်စတိုင်း ဆေးဖက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ဘေရွတ်မြို့တိုက်ခိုက်မှုအတွင်း ဟစ်ဇဘိုလာတပ်ဖွဲ့ပြောခွင့်ရသူ Mohammed Afif သေဆုံးသွားတယ်လို့နာမည်မဖော်လိုတဲ့ ဟစ်ဇဘိုဘာအရာရှိတယောက်က ပြောဆိုခဲ့တာပါ။ ဘေရွတ်မြို့လယ်က Baath ပါတီရုံးရှိရာအဆောက်အအုံကို လက်နက်ထိမှန်ခဲ့တာမှာ သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၄ ဦးကို အေပီသတင်းထောက်ကလည်း တွေ့မြင်ခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah သေဆုံးခဲ့ပြီးတဲ့နောက် ပြောခွင့်ရသူပါ ခုလိုလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ အစ္စရေးဖက်က လေကြောင်းတိုက်ခိုက်မှု သတိပေးချက်မထုတ်ပြန်ပဲ ခုလိုတိုက်ခိုက်ခဲ့တဲ့အတွက် လူတွေဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အစ္စရေးဖက်က မှတ်ချက်စကားတော့ ချက်ချင်းထွက်မလာသေးပါဘူး။ အစ္စရေးတပ်ဖွဲ့ဝင်တွေက လက်ဘနွမ်နယ်စပ်အနီး ဖြန့်ကျက်ရောက်ရှိလာတဲ့အတွက် လက်ဘနွမ်နိုင်ငံတောင်ပိုင်းက ကျေးရွာ တဒါဇင်ကျော်တို့ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ စစ်တပ်ဖက်က ထပ်မံသတိပေးတိုက်တွန်းထားပါတယ်။