အိုင်ဗရီကို့စ် အာဏာခွဲဝေရေး အာဖရိက သမဂ္ဂ လက်မခံ

Pemandangan Danau Yueyaquan di kota Dunhuang, di barat laut Provinsi Gansu China. Dunhuang dahulu merupakan rute jalan sutra dan pusat perdagangan antara China dan Barat, pada jaman Dinasti Han.

Pemandangan Danau Yueyaquan di kota Dunhuang, di barat laut Provinsi Gansu China. Dunhuang dahulu merupakan rute jalan sutra dan pusat perdagangan antara China dan Barat, pada jaman Dinasti Han.

အိုင်ဗရီကို့စ် နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်ဖို့ အာဏာခွဲဝေရေး သဘောတူညီမှုတခု လုပ်ဖို့ကိစ္စ ဆိုတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အာဖရိက စည်းလုံးညီညွတ်ရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူနဲ့ အမေရိကန်နိုင်ငံတို့က ပြောဆိုလိုက်ပါတယ်။

လူထုရဲ့ ဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲမှာ ရှုံးတဲ့သူက လက်ခံရလိမ့်မယ်လို့ အာဖရိက စည်းလုံးညီညွတ်ရေးအဖွဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ရွိုင်လာ အိုဒင်းဂါ (Raila Odinga) က အင်္ဂါနေ့က ပြောလိုက်တာ ဖြစ်ပါတယ်။

သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) အနေနဲ့ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ပြီး အာဏာလွှဲပြောင်းပေးရမယ် ဆိုတာကို အသိအမှတ် ပြုရလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က သီးခြား ပြောဆိုခဲ့ပါတယ်။

မစ္စတာ ဘက်ဂ်ဘိုရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းက ရခဲ့တဲ့ မဲတွေကို ပြန်ပြီး ရေတွက်ပေးဖို့ အာဖရိက ECOWAS အဖွဲ့နဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ မစ္စတာ ဘက်ဂ်ဘိုက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။