အိုင်ဗရီကို့စ်သမ္မတနှစ်ယောက် အပြိုင် ကျမ်းသစ္စာဆို

အိုင်ဗရီကို့စ်သမ္မတနှစ်ယောက် အပြိုင် ကျမ်းသစ္စာဆို

အိုင်ဗရီကို့စ်သမ္မတနှစ်ယောက် အပြိုင် ကျမ်းသစ္စာဆို

Ivory Coast နိုင်ငံမှာ သမ္မတရွေးကောက်ပွဲဝင်ခဲ့ကြသူ ၂ ယောက်လုံးက စနေနေ့မှာ ကျန်းသစ္စာ ကျိန်ဆိုလိုက် ကြတဲ့အတွက် နိုင်ငံရေးပြဿနာပိုပြီး ကြီးလာနေပါတယ်။ လက်ရှိသမ္မတ Laurent Gbagbo နောက်ထပ် သမ္မတအဖြစ် ကျမ်းကျိန်ပွဲကို အစိုးရ ရုပ်မြင်သံကြားတွေပေါ်မှာ ပြသခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲဝင်ခဲ့တဲ့ အတိုက်အခံ အဲလဆန် ဝါတရာ (Alassane Ouattara) ဟာ အနိုင်ရသူလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာကို အခြေခံဥပဒေကောင်စီက ပြောင်းလဲပြီး လက်ရှိသမ္မတ ဘဂ်ဘိုကမဲ ၅၁% ရာနှုန်း ရပြီး နိုင်သွားတယ်လို့ ကြေညာခဲ့တာပါ။၊ ဒီလို ကြေညာပြီး နောက်တရက်ဖြစ်တဲ့ စနေနေ့မှာ Mr. ဘဂ်ဘို သမ္မတအဖြစ် ကျမ်းကျိန်လိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဖရိကသမဂ္ဂတို့အပြင် ပြင်သစ်နဲ့ အမေရိကန်တို့က Mr. ဝါတရာသာလျှင် ရွေးကောက်ပွဲ အနိုင်ရသမ္မတဖြစ်တယ်လို့ အသိအမှတ်ပြုကြပြီး ရလာဒ်ကို လက်ခံဖို့ Mr. ဘဂ်ဘိုကို တိုက်တွန်း နေကြပါတယ်၊ သမ္မတဘဂ်ဘို သမ္မတအဖြစ်ကျန်းကျိန်ပြီး မကြာခင်မှာပဲ Mr. ဝါတရာကလဲ သမ္မတအဖြစ် ကျန်းသစ္စာ ကျန်ဆိုခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ စနေနေ့မှာပဲ စစ်သားတွေဟာ အဘိုင်ဂျန် Abidjan မြို့တော်တဝန်း လမ်းတွေကို တားဆီးပိတ်ဆို့ခဲ့ပါတယ်။ Ivory Coast နိုင်ငံမှာ ညမထွက်ရအမိန့်ကို အရင်ထဲက ထုတ်ပြန်ထားတာဖြစ်ပြီး နိုင်ငံခြား သတင်းမီဒီယာတွေကိုလည်း သတင်းထုတ်ပြန်ခွင့် ပိတ်ပင်ထားပါတယ်၊။