Iwo Jima တိုက်ပွဲ နှစ် ၇၀ ပြည့်

Iwo Jima တိုက်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ အမေရိကန်အလံကို လွှင့်ထူစဉ်။

ဒုတိယကမ္ဘာစစ်အတွင်း အထင်ကရတိုက်ပွဲကြီးတွေအနက် တခုအပါအဝင်ဖြစ်တဲ့ Iwo Jima တိုက်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို အမေရိကန်နဲ့ဂျပန် အရာရှိတွေ စနေနေ့တုန်းက အဲဒီကျွန်းပေါ်မှာကျင်းပခဲ့ကြပါတယ်။

အဲဒီအခမ်းအနားမှာ ဂျပန် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Nakatami က ၃၆ ရက်ကြာ တိုက်ပွဲအတွင်း သေဆုံးခဲ့ရတဲ့ ဂျပန် ၂၂,၀၀၀ နဲ့ အမေရိကန် ၇၀၀၀ ခန့် တို့ကို မမေ့ကြဖို့ ပြောကြားသွားပါတယ်။အမေရိကန်ရေတပ်ရေးရာဝန်ကြီး Ray Mabus ကလည်း ၂ နိုင်ငံအကြား လက်ရှိ ဆက်ဆံရေးကို ချီးကျူးသွားပါတယ်။

အသက် ၉၀ ကျော်အရွယ်ရှိနေကြပြီဖြစ်တဲ့ အမေရိကန်စစ်ပြန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။