ဂျော်နီဝါးကားဝီစကီ ဂျိမ်းဝါးကား နာမည်နဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုထုတ်မည်

Johnnie Walker ဝီစကီ အရက်ပုလင်းမျိုးစုံ။ ၂၈ ဇွန် ၂၀၁၄။

Johnnie Walker ဝီစကီကုမ္ပဏီက Jane Walker ဆိုတဲ့ အမျိုးသမီးနံမယ်နဲ့ Blak Label အရက် ထုတ်လုပ်မယ်လို့ စီစဉ်နေပါတယ်။ တပုလင်းကို ၃၄ ဒေါ်လာနဲ့ ရောင်းချမယ့် ဒီပုလင်းမှာ ဦးထုပ်မပြီး လမ်းလျှောက်နေတဲ့ ပုံမှာ အမျိုးသား မဟုတ်ပဲ အမျိုးသမီးတဦးရဲ့ ပုံကိုထည့်ပြီး ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

မတ်လ ကျရင် အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပုလင်းပေါင်း ၂ သိန်း ၅ သောင်း ထုတ်သွားမှာ ဖြစ်ပြီး တပုလင်းစီ ရောင်းရငွေထဲက တဒေါ်လာစီကို အမျိုးသမီး အကျိုးဆောင်အဖွဲ့ တွေကို လှုဒါန်း သွားမယ်လို့ ဆိုပါတယ်။

အမျိုးသမီးများ မဲပေးခွင့် လှုပ်ရှားဆောင်ရွက်ခဲ့သူတွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်တခု နယူးရောက်မြို့ Central Park မှာ စိုက်ထူရေး အတွက်လည်း Johnnie Walker ကုမ္ပဏီက ဒေါ်လာ တသိန်းခွဲ လှုဒါန်းထားတာပါ။

ဝေဖန်သူတွေကတော့ အမျိုးသမီးတွေကို အရက်ပိုသောက်အောင် လှုံ့ဆော်ရာ ကျတယ်လို့ ဆိုကြပါတယ်။

Your browser doesn’t support HTML5

ဂျော်နီဝါးကားဝီစကီ ဂျိမ်းဝါးကား နာမည်နဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုထုတ်မည်