၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ဒေါ်စုနဲ့ ဂျပန်ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

A gallery assistant poses beside a fresco during the reopening of The Painted Hall, Old Royal Navy College in London, Britain.

အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို့ အဘဲ့နဲ့ ဒီကနေ့ သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးကိစ္စ ဆွေးနွေးပါတယ်။

အခု အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အရှေ့အာရှထိပ်သီးအဝေးတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်တာဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ ရုရှားနဲ့ နယူးဇီလန်နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်နေကြတာပါ။

အခု လာအိုနိုင်ငံခရီးစဉ်အပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကို သွားရောက်ဖို့ရှိပြီး ကမ္ဘာ့အနောက်ခြမ်းမှာ တာဝန်ကျနေတဲ့ မြန်မာသံအမတ်ကြီးတွေနဲ့ လန်ဒန်မြို့တော်မှာ တွေ့ဆုံပါမယ်။

အဲဒီကနေမှ အမေရိကန်ပြည်ထောင်စုကို ခရီးဆက်ပြီး ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်မှာ သမ္မတ ဘရာ့ခ် အိုဘားမား နဲ့ တွေ့ဆုံပါမယ်။ အဲဒီနောက် ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့အတွက် နယူးယောက်မြို့ကို ခရီးဆက်ပါမယ်။

ကျင်းပဆဲ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ဒီကနေ့အစီအစဉ်တွေထဲမှာတော့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေ ဟာ အဖွဲ့ရဲ့ ပြင်ပဆက်ဆံရေးကိစ္စရပ်တွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာဆိုင်ရာ ဆက်စပ်နေတဲ့ကိစ္စရပ်တွေကို ဒီကနေ့ ဆက်ပြီး ဆွေးနွေးကြပါတယ်။

Your browser doesn’t support HTML5

၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ဒေါ်စုနဲ့ ဂျပန်ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး