ဂျပန်နိုင်ငံမှာ စံချိန်တင်လောက်တဲ့ အပူလှိုင်းဖြတ်သန်းတာကြောင့် လူပေါင်း ၃၀ လောက်သေဆုံးပြီး ထောင်နဲ့ချီတဲ့ လူတွေလည်း အပူလှိုင်းဒဏ်ခံစားရတာကြောင့် နိုင်ငံတဝှမ်းက ဆေးရုံတွေစီ တက်ရောက်ပြီး ကုသမှုခံယူနေပါတယ်။
အစိုးရကတော့ အပူဒဏ်ကို ခံနိုင်အောင် ရေများများသောက်ဖို့နဲ့ လေအေးစက်အသုံးပြုဖို့ တိုက်တွန်းနေပါ တယ်။ ဂျပန်နိုင်ငံပိုင်းမှာဆိုရင် အပူချိန်ဟာ ၄၁ Celsius ရှိပြီး ကျိုတိုမှာဆိုရင် ၇ ရက်မြောက်အနေနဲ့ ၃၈ Celsius အထိ ရှိနေပါတယ်။
အခုလို အပူချိန်မြင့်တက်နေတာကြောင့် လာမယ့် ၂၀၂၀ ကျရင် တိုကျိုမှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲ ကျင်းပ နိုင်ပါ့မလားဆိုပြီးတော့လည်း လူတွေက စိုးရိမ်နေပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်က တိုကျိုကိုရောက်ရှိလာတဲ့ အိုလံပစ်ပြိုင်ပွဲ ကျင်းပနိုင်ရေး စိစစ်ရေးအဖွဲ့ရဲ့အကြီးအကဲ John Coates က ဒီအပူချိန်ကြောင့် အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်းပြောပါတယ်။
Your browser doesn’t support HTML5