သြစတြေးလျ Open နာယိုမီအိုဆာကာ အနိုင်ရ

Australia Open တင်းနစ်မှာ အနိုင်ရသွားတဲ့ ဂျပန်တင်းနစ်မယ် Naomi Osaka

ဂျပန်တင်းနစ်ကစားသမား Naomi Osaka ကတော့ သြစတြေးလျအိုးပင်းကို အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ မဲလ်ဘုန်းမြို့မှာ ဒီကနေ့ကျင်းပတဲ့ သြစတြေးလျအိုးပင်း အမျိုးသမီးတဦးချင်းဖိုင်နယ်ကို ဒီကနေ့ ကစားကြတာမှာ ကမ္ဘာ့အဆင့် ၄ Naomi Osaka က ချက်နိုင်ငံ အဆင့် ၆ Petra Kvitova ကို နိုင်ပြီး ချန်ပီယံဖြစ်သွားတာပါ။

ပထမပွဲကို Osaka က ၇-၆ နဲ့ နိုင်ပြီး ၊ ဒုတိယပွဲမှာတော့ Osaka ဟာ ရှေ့ကနေ ဦးဆောင်ပြီးမှာ ၅-၇ နဲ့ ရှုံးသွားပါတယ်။ ဒါပေမဲ့ တတိယပွဲမှာတော့ Osaka က ၆-၄ နဲ့ အနိုင်ရပြီး သြစတြေးလျအိုးပင်းချန်ပီယံဖြစ်သွားခဲ့ပါတယ်။

အိုဆာကာအတွက်တော့ ဒါဟာ သြစတြေးလျအိုးပင်းကို ပထမအကြိမ်ရတာဖြစ်ပေမယ့် သူအတွက်တော့ ဒုတိယမြောက် ဂရန်းစလမ်းဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အမေရိကန်အိုးပင်းကိုလည်း နိုင်ထားတာကြောင့် ဂရန်းစလမ်းပြိုင်ပွဲ ၂ ခုဆက်တိုက် အနိုင်ရတာဖြစ်ပါတယ်။

အိုဆာကာဟာ ဒီပွဲနိုင်လိုက်တဲ့အတွက် လာမယ့် တနင်္လာနေ့က စပြီး ကမ္ဘာ့အဆင့် ၁ ကစားသမားဖြစ်လာမှာပါ။ ဒါကြောင့် အိုဆာကာဟာ အာရှတိုက်က တင်းနစ်ကစား သမားတွေ ထဲမှာ အမျိုးသားမှာရော အမျိုးသမီးမှာပါ ပထမဆုံး ကမ္ဘာ့အဆင့် ၁ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

သြစတြေးလျ Open နာယိုမီအိုဆာကာ အနိုင်ရ