ဂျပန်ဝန်ကြီးချုပ်အဖြစ် Shinzo Abe ကို အတည်ပြု

ဂျပန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Shinzo Abe ကို ဝန်ကြီးချုပ်အဖြစ် တခဲနက် ထောက်ခံနေစဉ်။

ဂျပန်နိုင်ငံရဲ့ လာမယ့်ဝန်ကြီးချုပ်အဖြစ် Shinzo Abe ကို အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် ဝါရင့်နိုင်ငံရေးသမားကြီးနဲ့ သူ့ရဲ့ လစ်ဘရယ်ဒီမိုကရက်တစ် LDP ပါတီ အာဏာပြန်ရလာပြီဖြစ်ပါတယ်။
ဂျပန်နိုင်ငံ အောက်လွှတ်တော်ကနေ မစ္စတာ Abe ကို အစိုးရသစ် ဖွဲ့စည်းဖို့ ဗုဒ္ဓဟူးနေ့မှာပဲ အတည်ပြုပေးလိုက်တာပါ။

ကွန်ဆာဗေးတစ်ဝါဒီ LDP ပါတီက ဂျပန်ဒီမိုကရက်တစ်ပါတီ DPJ ကို လွှတ်တော်ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရပြီး ဆယ်ရက်အကြာမှာပဲ အခုလို အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး နောက်ပိုင်းမှာ LDP ပါတီ အနေနဲ့ ဂျပန်နိုင်ငံကို တောက်လျှောက်အုပ်ချုပ်ခဲ့ပြီး ပြီးခဲ့တဲ့ သုံးနှစ်ကမှ လက်ဝဲယိမ်း DPJ ပါတီက အာဏာရယူခဲ့တာဖြစ်ပါတယ်။

တချိန်က အားကောင်းခဲ့တဲ့ ဂျပန်စီးပွားရေး ပြန်ပြီး ဦးမော့ လာစေဖို့ ဖြေလျှော့ပေးထားတဲ့ ငွေကြေးဆိုင်ရာ မူဝါဒကို ချမှတ်ပြီး အများပြည်သူဆိုင်ရာ လုပ်ငန်းတွေမှာ ငွေကြေး ပိုပြီး သုံးစွဲသွားမယ်ဆိုတဲ့ မူဝါဒတွေနဲ့ LDP ပါတီအနိုင်ရအောင် မစ္စတာအဘဲက ဦးဆောင်ခဲ့တာပါ။ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းစုတွေကို ပိုင်ဆိုင်မှုကိစ္စ တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတာမှာလည်း ပိုပြီး တင်းတင်းမာမာ ရပ်တည်သွားမယ်လို့ မစ္စတာ Abeက ကတိပြုထားပါတယ်။