မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်အဖြစ် ဝါရင့်သံတမန် Mark McDowell ကို ခန့်အပ်လိုက်တယ် လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က သောကြာနေ့က ကြေညာလိုက်ပါတယ်။
ဒီခန့်အပ်မှုဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကနေဒါနိုင်ငံက သံအမတ် ခန့်အပ်လိုက်တာ လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကနေဒါ သံရုံးဖွင့်လှစ်ဖို့ကို လည်း ဆောင်ရွက်နေပြီး ဘယ်တော့ သံရုံးဖွင့်မယ်ဆိုတာကို လာမဲ့လတွေ အတွင်းမှာ ကြေညာ သွားမယ်လို့ ကနေဒါ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကနေဒါ သံအမတ်အဖြစ်ခန့်အပ်ခံရသူ Mr. Mark McDowell ဟာ တရုတ်နိုင်ငံဆိုင်ရာ ကနေဒါ သံရုံးမှာ ကောင်စစ်ဝန်အဖြစ် ၂၀၁၀ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ထိုင်ဝမ်ကျွန်း ထိုင်ပေမြို့တွေမှာလည်း သံတမန်ရေးရာ တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အခုသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့ Mr. McDowell ဟာ မြန်မာနိုင်ငံကို ပံ့ပိုးကူညီဖို့ ကနေဒါ အစိုးရကို အမြဲတမ်း တိုက်တွန်း ပြောဆိုခဲ့သူဖြစ်ပြီး မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပြောဆိုဆောင် ရွက်ခဲ့သူ တယောက် ဖြစ်တာကြောင့် မြန်မာနဲ့ကနေဒါ ဆက်ဆံရေးကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်လိမ့်မယ်လို့ ကနေဒါက မြန်မာ့အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။ အရင်က မြန်မာနိုင်ငံနဲ့ ကနေဒါကြား သံတမန်ရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေကို ထိုင်းနိုင်ငံက ကနေဒါသံရုံးက တဆင့် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလည်းမှုတွေ လုပ်လာခဲ့ပြီးနောက် ကနေဒါနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ်၊ မတ်လတုန်းက နိုင်ငံခြားရေး ဝန်ကြီး John Baird ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ် စက်တင်ဘာလ မှာ နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး ဂုဏ်ထူးဆောင် Ed Fast, သွားရောက်ခဲ့ပါတယ်။ သူ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ကနေဒါသံရုံးဖွင့်ပြီး ကုန်သွယ်ရေးဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ထားမယ်လို့ ကြေညာခဲ့ပါတယ်။