အင်ဒိုနီးရှားနိုင်ငံက ဘာလီဗုံးခွဲသူတွေ နဲ့ တခြားစစ်သွေးကြွတွေ ယုံကြည်လေးစားတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် Abu Bakar Bashir ကို အင်ဒိုနီးရှားနိုင်ငံက ပြန်လွှတ်ပေးလိုက်ပါတယ်။ သူ့ရဲ့ အစွန်းရောက် အယူအဆတွေကို စွန့်လွှတ်မယ်ဆိုတဲ့ အချက်ကြောင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သူ့ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ထားတာကိုလျှော့ပြီး ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သူရဲ့ရှေ့နေတွေက ဒီကနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။
အစိုးရအာဏာပိုင်တွေအနေနဲ့ ဘာသာရေးကင်းလွတ်ရမယ်ဆိုတဲ့အယူအဆအပေါ်မှာ သူဘက်က လက်ခံဖို့ ငြင်းဆန်နေတာကြောင့် သူ့ကို အရင်ကတော့ ပြစ်ဒဏ်ကနေ လွှတ်ပေးလို့ မရခဲ့ပါဘူး။ Abu Bakar Bashir က သူသာလျှင် ဘုရားသခင် နဲ့ ပြန်လည် ဖြေဆိုနိုင်တဲ့သူ တဦးတည်းဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံအနေနဲ့လည်း အစ္စလာမ်မစ်ဥပဒေ နဲ့ အုပ်ချုပ်သင့်တယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့် ဧပြီလမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေ လုပ်လာနေချိန်မှာပဲ အခုလိုမျိုး သူ့ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ သမ္မတဝီဒိုဒိုနဲ့ အပြိုင် ရွေးချယ်ခံမယ့် အတိုက်အခံခေါင်းဆောင်တွေက Bashir ဟာ အစ္စလာမ်ဘာသာဝင်စစ်စစ် မဟုတ်ဘူးလို့ သိက္ခာချ တိုက်ခိုက် ပြောဆိုနေတာဖြစ်ပါတယ်။
အစ္စလာမ်မစ်နိုင်ငံရေးပါတီဥက္ကဋ္ဌ နဲ့ သမ္မတဝီဒိုဒိုရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အကြံပေးဖြစ်တဲ့ ရှေ့နေ Yusril Mahendra ကတော့ သူ့အနေနဲ့ Bashir ကို ထောင်ဒဏ်ချမှတ်ထားတာနဲ့ ပတ်သက်ပြီး သမ္မတ ဝီဒိုဒိုဆီကို တင်ပြခဲ့တယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ပြောကြားလိုက်ပါတယ်။
Your browser doesn’t support HTML5