တရုတ် အမျိုးသားတွေအတွက် ကလေးမွေးပေးဖို့ ရောင်းစားခံကြရတဲ့ ကချင်တိုင်းရင်းသူတွေဘဝ

တရုတ် အမျိုးသားတွေအတွက် ကလေးမွေးပေးဖို့ ရောင်းစားခံကြရတဲ့ ကချင်တိုင်းရင်းသူတွေဘဝ

တိုင်းရင်းကချင် အမျိုးသမီးတွေဟာ နယ်စပ်ချင်းဆက်နေတဲ့ တရုတ်နိုင်ငံကို ဇနီးမယားအဖြစ်ရောင်းစားခံနေရတဲ့အကြောင်း အမေရိကန်အခြေစိုက် Human Rights Watch အဖွဲ့က မတ်လ ၂၁ နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ရောင်းစားခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ကချင်တိုင်းရင်းသူ ၃၇ ဦးနဲ့ တွေ့ဆုံမေးမြန်းရာမှာ သူတို့ဟာ တဦးကို ဒေါ်လာ ၃၀၀၀ ကနေ ဒေါ်လာ ၁၃၀၀၀ နဲ့ ရောင်းစားခံခဲ့ရတာဖြစ်ပြီး၊ ၁၂ ဦးဟာ အသက် ၁၈ နှစ်အောက်ဖြစ်ခါ၊ အသက် အငယ်ဆုံးက ၁၄ နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီး ဦးရေ သန်းနဲ့ချီ ပိုနည်းပါးတဲ့ တရုတ်နိုင်ငံမှာ သားသမီးယူချင်တဲ့ အမျိုးသားတွေအတွက် ကချင်အမျိုးသမီးတွေ ဟာ ကိုယ်ဝန်ဆောင်ပေးကြရတယ်လို့ အစီရင်ခံစာ ပြုစုသူ HRW ရဲ့ အမျိုးသမီးရေးရာတာဝန်ခံ Heather Barr ကပြောပါတယ်။

ကချင်အမျိုးသမီးတွေ လူကုန်ကူးခံရမှု အခြေအနေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်က တရုတ် - မြန်မာ နယ်စပ်မှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့အပြင်၊ အင်ဒိုနီးရှားကျွန်း တကျွန်းမှာ ရောင်းစားခံခဲ့ရတဲ့ မြန်မာ ရေလုပ်သားတွေအကြောင်း သတင်းယူခဲ့လို့ ၂၀၁၆ ခု Pulitzer သတင်းထူးချွန်ဆုရှိခဲ့တဲ့ AP သတင်းထောက်အဖွဲ့မှာ ပါဝင်ခဲ့သူ Esther Htu San ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထား ပါတယ်။

Your browser doesn’t support HTML5

တရုတ် အမျိုးသားတွေအတွက် ကလေးမွေးပေးဖို့ ရောင်းစားခံကြရတဲ့ ကချင်တိုင်းရင်းသူတွေဘဝ