သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး မြန်မာနိုင်ငံကို ဖြတ်ပြီး ကားလမ်းဖောက်လုပ်မယ့် အိန္ဒိယ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ တခုအပေါ် ပြစ်တင်ဝေဖန်နေကြပါတယ်။ ကုလားတန် စီမံကိန်းကနေ ဖွံ့ဖြိုးမှုနည်းပြီး လမ်းပန်းဆက်သွယ်မှု ခက်ခဲလှတဲ့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ဒေသနဲ့အိန္ဒိယ ၂ နိုင်ငံတို့အကြား ကုန်သွယ်မှု အထောက်အကူ ဖြစ်လိမ့်မယ်ဆိုပြီးတော့လည်း ပြောဆိုထားတာပါ။
ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဇီဝဗေဒပညာရှင်တွေကတော့ ဒီစီမံကိန်း အကောင်အထည် ဖော်တဲ့အခါမှာ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်း တိရစ္ဆာန်တွေအပေါ် ဘေးအန္တရာယ် ကျရောက်မယ့်အပေါ် ၂ နိုင်ငံ တာဝန်ရှိသူတွေက လျစ်လျူရှုထားတယ်ဆိုပြီး သတိပေးပြောဆိုနေတာပါ။ ဒီအကြောင်းကို ဗွီအိုအေသတင်းထောက် Daniel Scherf ပေးပို့ထားတဲ့အတိုင်း ကိုအောင်အောင် က အပြည့်အစုံ တင်ပြထားပါတယ်။
ကုလားတန် စီမံကိန်းဟာ ၂၀၁၅ ခုနှစ်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ စီမံကိန်းမှာ ပါဝင်တဲ့ အဝေးပြေးကားလမ်းတခု ဆက်သွယ်ဖောက်လုပ် ပြီးစီးနေမှာဖြစ်ပြီး အိန္ဒိယ အရှေ့မြောက်ဘက်က မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်ဘက်က ချင်းပြည်နယ်ကို ဖြတ်ပြီး ရခိုင်ပြည်နယ်က ရေနက်ဆိပ်ကမ်း ဆီ သွယ်တန်းထားတဲ့ ကုန်းတွင်းရေကြောင်းလမ်းတခုလည်း အကောင်အထည်
ဖော်နိုင်မှာ ဖြစ်ပါတယ်။
ဒီသယ်ယူပို့ဆောင်ရေး စီမံကိန်း ပြီးဆုံးတဲ့အချိန်မှာ ဝေးလံတဲ့ လူသူ အရောက်အပေါက်နဲတဲ့ အရပ်တွေကြား တနေရာနဲ့တနေရာ လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်မှာဖြစ်ပြီး လယ်သမားတွေ ဝင်ငွေတိုးလာတာ၊ အလုပ်အကိုင် ပေါ်များလာတာနဲ့ စားသောက်ကုန် ဈေးနှုန်း ကျဆင်းလာတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ တာဝန်ရှိသူတွေဟာ ဒီစီမံကိန်းနဲ့ ပတ်သတ်ပြီး လူအများသိအောင် ချပြတာမျိုး မရှိတဲ့အပြင် ဒေသခံတွေနဲ့ သဘာ၀ ပတ်ဝန်းကျင်အပေါ် ဘေးအန္တရာယ် ကျရောက်မှာကိုလည်း လျစ်လျူရှုထားတယ်ဆိုပြီး ပြောပါတယ်။
စီမံကိန်းမှာ ပါဝင်တဲ့ ရခိုင်ပြည်နယ်တွင်းက ရေနက်စီမံကိန်း ဆောက်လုပ် ရာမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ နေရာတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီးတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်က ကတိပေးထားသလို ဒီထိခိုက်ပျက်စီးမှုတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။
ဒေသတွင်း တက်ကြွလှုပ်ရှားသူ အများအပြား ပါဝင်တဲ့ ကုလားတန် လှုပ်ရှားမှုအဖွဲ့ကတော့ အခုလို ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည် စုံစမ်းစစ်ဆေးတဲ့အချိန်ထိ ဒီစီမံကိန်းကို ရပ်ထားဖို့ တောင်းဆိုနေတာပါ။
Arakan River Network က တွမ်းဇော် ကတော့ ထိုင်းနိုင်ငံ နိုင်ငံခြားသတင်း
ထောက်များ အသင်းမှာ အခုလို ပြောဆိုပါတယ်။
“ကျန်းမာရေး၊ လူမှုရေး သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ အစီရင်ခံစာ တစောင်တလေကိုမှ ခုချိန်ထိ မတွေ့ရပါဘူး။ ဒါကြောင့် စီမံကိန်း ဒေသအတွင်း နေထိုင်ကြသူတွေရဲ့ ဘဝအတွက် စိုးရိမ်ပါတယ်။”
အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော် မူဝါဒအရ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ရေး ပိုကောင်းမွန်လာဖို့အတွက် ဒီစီမံကိန်းတခုလုံးအပေါ် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၂၁၄ သန်း အိန္ဒိယအစိုးရက ငွေကြေး မ တည်ထားတာပါ။ ဒါပေမဲ့ မီဇိုရမ်ကနေ မြန်မာနိုင်ငံ ချင်းပြည်နယ်ထိ ဖောက်လုပ်ထားတဲ့ ၉၉ ကီလိုမီတာ အရှည်ရှိတဲ့ အဝေးပြေးလမ်းမ ဖောက်လုပ်မှုနဲ့ပတ်သတ်တဲ့ အစီရင်ခံစာတစောင်ပဲ ထုတ်ပြန်ထားတာပါ။
၂၀၁၁ ခုနှစ် သဘာ၀ တောရိုင်းတိရစ္ဆာန်တွေအပေါ် ဘေးအန္တရာယ် ကျရောက်တာနဲ့ပတ်သတ်တဲ့ အစီရင်ခံစာကို ရေးသားသူလည်းဖြစ် ဇီဝဗေဒ ပညာရှင်တဦးလည်းဖြစ်တဲ့ ကက်ရှ်မီယာ ကကတိုင် က မြန်မာပြည်ကို သွယ်တန်း ဖောက်လုပ်ထားထားတဲ့ အဝေးပြေးလမ်းမဟာ သဘာ၀ ဘေးမဲ့တော ကို ဖြတ်သန်းသွားပြီး အိန္ဒိယ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တော ဝန်ကြီးဌာနကလည်း ဒီကိစ္စကို လျစ်လျူရှုထားကြောင်း ပြောပါတယ်။
“အိန္ဒိယ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီးဌာနကို Fax လည်း ပို့ပါတယ်။ စာလည်းရေးပါတယ်။ ဒါပေမဲ့ ဒီအစီရင်ခံစာကို ဘယ်သူမှ အသိအမှတ် မပြုပါဘူး။ နောက်ထပ်လည်း ဒီဝန်ကြီးဋ္ဌာနကနေ ဘယ်လို အချက်အလက်မှလည်း မရပါဘူး။ နောက်ဆုံး ကုလားတန် အစီရင်ခံစာကို ဖတ်ရတဲ့အခါမှာတော့ ဒီအစီရင်ခံစာကို စုံစမ်းစစ်ဆေးတဲ့ ကော်မတီက ကန့်ကွက်တာမရှိဘဲ အတည်ပြုခဲ့ပါတယ်။ ဒါဟာ လုံး၀ မှားပါတယ်။”
မီဇိုရမ်ဘက်မှာ ဖောက်လုပ်နေတဲ့ အဝေးပြေးလမ်းမရဲ့ တဝက်ဟာ ဖောက်လုပ် ပြီးစီးနေပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တကယ်လို့ ဒီလမ်းဖောက်လုပ်မှု ပြီးစီးတဲ့အခါမှာတော့ ဘေးမဲ့တောထဲက သဘာဝတောရိုင်း တိရစ္ဆာန်တွေသာမဟုတ်ဘဲ ဘေးမဲ့တောအပြင်ဘက်က သဘာဝတောရိုင်း တိရိစ္ဆာန်တွေအတွက်လည်း အန္တရာယ်ကျရောက်နိုင်တဲ့အကြောင်း ကကတိုင် က ပြောပါတယ်။
“ဒီအစီရင်ခံစာထဲမှာ ကြိုတင်မျှော်မှန်းထားတဲ့ ကြောက်စရာအကောင်းဆုံး ကိစ္စကတော့ ဒီလမ်းဟာ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားတဲ့ လမ်းဖြစ်လာမှာကိုပါဘဲ။ ကျားကောင်ရေ လျော့နည်းလာတဲ့ကိစ္စကို ထောက်ပြ ထားပြီးပါပြီ။ နယ်စပ်တလျှောက် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု အများအပြားလည်း ရှိနေတာပါ။”
မီဇိုရမ်ပြည်နယ်မှာ နေသူတွေကို သူတို့ပိုင်မြေ သိမ်းယူပြီးတဲ့အခါမှာ လုံလုံလောက်လောက် လျော်ကြေးပေးတာမျိုး မရှိသလို မြန်မာနိုင်ငံဘက်က သိမ်းယူမှုတွေအတွက်လည်း စိုးရိမ်မိတယ်လို့ ကုလားတန် လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။ ကုလားတန် စီမံကိန်းအတွက် လုံခြုံမှုနဲ့ မြေနေရာကို မြန်မာဘက်က စီစဉ်ပေးရတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ စီမံကိန်း ပြီးစီးဖို့ ၂ နှစ်တာကာလမှာပဲ ဒေသခံ ချင်းလူမျိုးတွေ အနေနဲ့သူတို့ ဒေသအတွင်း အိန္ဒိယနိုင်ငံဘက်ကို အဝေးပြေးလမ်းမ ဖောက် လုပ်မယ့်အကြောင်းကို မသိကြသေးပါဘူး။ မြန်မာအာဏာပိုင်တွေအနေနဲ့လည်း သတ်မှတ်ရက်အတိုင်း ပြီးစီးနိုင်ဖို့ မြေသိမ်းယူမှုတွေ ရှိနေတာကို အထူး စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။