ကန် ဒုသမ္မတ ကိုဗစ်ပိုးကူးစက်ခံရ

အမေရိကန် ဒုသမ္မတ Kamala Harris

[[Zawgyi/Unicode]]

အမေရိကန် ဒုသမ္မတ Kamala Harris ကိုဗစ်ပိုးတွေ့ခဲ့အပြီး ရုံးအလုပ်တွေကို အိမ်ကနေ ကောင်းကောင်း ဆက်လုပ်နေပါတယ်။

အခုလို ကိုဗစ် 19 ပိုး မနေ့က စစ်ဆေးတွေ့ခဲ့ပေမယ့် ရောဂါလက္ခဏာတောင် မခံစားရဘဲ အခြေအနေကောင်းတယ်လို့ အမေရိကန် ဒုသမ္မတရုံးက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အိမ်မှာအမြန်စစ်နိုင်တဲ့ Test Kit နဲ့ရော၊ ပုံမှန်ဆေးခန်းမှာသွားစစ်ရတဲ့ PCR ပိုသေချာတဲ့နည်းနဲ့ပါ စစ်ဆေးပြီး အခုလို ပိုးတွေ့တာသေချာပါတယ်လို့ ဒုသမ္မတ Harris ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ Kirsten Allen က ဒီထုတ်ပြန်ချက်မှာ ရှင်းပြခဲ့ပါတယ်။

သက်လတ်ပိုင်း ၅၇ နှစ်အရွယ် ဒုတိယသမ္မတ Harris ဟာ ပုံမှန်ကိုဗစ်ကပ်ကာကွယ်ဆေးအပြင် အားမြှင့်ကာကွယ်ဆေးလည်း ၂ ကြိမ် အပြည့်ထိုးထားပြီး နောက် ဆုံးထိုးထားတဲ့ရက်က ဒီလ ဧပြီ ၁ ရက်နေ့ကပဲဖြစ်ပါတယ်။

တချိန်တည်းမှာ ဒုသမ္မတ Harris အနေနဲ့ သမ္မတ Joe Biden နဲ့ဇနီး Jill Biden တို့နဲ့ အနီးကပ် ထိတွေ့မှုမရှိခဲ့ဘူး။ အကြောင်းက ဒိမတိုင်ခင်ကပဲ သူတို့ သီးခြားစီ ခရီထွက်ခဲ့လို့ပါလို့လည်း ဒုသမ္မတ ပြောခွင့်ရက ဆက်ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ဒုသမ္မတ Harris က အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC ရဲ့ စည်းမျဉ်းတွေ၊ ဆရာဝန်ရဲ့ အကြံပေးချက်တွေအတိုင်း အများနည်းတူ သီးသန့်ခွဲနေသွားပြီး ပိုးကင်းစင်သွားမှသာ ရုံးပြန်တက်မှာပါလို့လည်း ဒုသမ္မတ ပြောခွင့်ရက ဆက်ပြောပါတယ် ခင်ဗျာ။

Your browser doesn’t support HTML5

ကန် ဒုသမ္မတ ကိုဗစ်ပိုးကူးစက်ခံရ

==================

[[Zawgyi/Unicode]]

ကနျ ဒုသမ်မတ ကိုဗဈပိုးကူးစကျခံရ







==================