{{Zawgyi/Unicode}}
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာရွာတဝိုက်မှာ စက်တင်ဘာ ၂၉ ရက်က ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲထန်းပြင်ဖြစ်ပြီးတဲ့နောက် ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာလည်းတိုက်ပွဲ ထပ်မံပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာဘက်မှာ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်လို့ ကုန်းသာရွာက နေအိမ်တချို့ မီးလောင်ပျက်စီးသွားသလို ရွာ ၆ ရွာထက်မနည်း အိုးအိမ်စွန့်ခွာ တောတောင်ထဲ ထွက်ပြေးနေကြရပါတာလို့ေ ဒသခံတွေက VOA ကို ပြောကြပါတယ်။
လက်နက်ကြီးကျလို့ နေအိမ်မီးလောင်သွားတဲ့ အခြေအနေကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ကုန်းသာရွာသားတဦးက VOA ကို အခုလို ပြောပါတယ်။
“မီးလောင်သွားတဲ့ အခြေအနေမျိုးဆိုရင်တော့ မနေ့ညနဲ့ ဒီရက်ပါဆိုရင်တော့ တိတိကျကျဆိုရင် ၂ လုံးရှိတယ်ပေါ့နော်။ ဒါလက်နက်ကြီးကျပြီးတော့ ထိမှန်တာ။ လုံးဝပြာကျသွားတယ်။ ထိခိုက်သွားတာ ၂ လုံးရှိတယ်။ အပေါ်ပိုင်း ထိသွားတာတို့၊ အိမ်ခေါင်းမိုးလန်သွားတာတို့၊ ကာထားတဲ့ သွပ်ပြင်တွေလွင့်သွားတာမျိုးကကျတော့ အနည်းဆုံး ၈ လုံးလောက်တော့ ရှိတယ်ပေါ့နော်။”
ယခင်ရက်တွေက ဒီးမော့ဆိုနယ် ကုန်းသာရွာတဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အခုတဖန် လွိုင်ကော်နယ် ကုန်းသာရွာနားမှာ တိုက်ပွဲထပ်မံပြင်းထန်ခဲ့တာပါ။ မနေ့က တိုက်ပွဲအတွင်းမှာ ဒေသခံ အများအပြား ပိတ်မိနေခဲ့ပြီး နောက်နေ့မှ ပြန်လည်ထွက်ပြေးနိုင်ခဲ့ကြပါတယ်။ စစ်တပ်က ကျေးရွာအိမ်တွေဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်တာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကုန်းသာရွာသားတဦးက အခုလို ဆက်ပြောပါတယ်။
“ဘယ်လိုပြောမလဲဆို ဒါ ငါရဲ့ နောက်ဆုံးနေ့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးမှ မနည်းစိတ်အားတင်းထားရတယ်ပေါ့နော်၊ လက်နက်ကြီးတွေလည်း အိမ်ပတ်ဝန်းကျင်မှာ အဆက်မပြတ်ကျနေတယ်ကွာ၊ မနက် ၆ နာရီခွဲလောက်မှာ စထွက်လာတယ်။ တောင်ပေါ်ဘက်ကို ထွက်တယ်ပေါ့နော်၊ ၁၁ နာရီလောက်မှာလား မသိဘူး။ တိုက်ပွဲပြန်ဖြစ်ကြတယ်ပေါ့နော်။ အဲဒီမှာ ကျနော်တို့ ဒီတောင်ပေါ်ကနေ အတိုင်းသား ကြားနေရတာပေါ့နော် ဟာ… ပစ်ပြန်ပြီဟေ့…ငါတို့ဒီကို ပြေးလာတာ မှန် တာပဲဆိုပြီးမှ အချင်းချင်းပြောနေကြတာ။ ရွာထဲမှာဆိုလည်း တော်တော်လေး တိုက်ပွဲပြင်းထန်တယ်ပေါ့နော်။”
နောက်ထပ် ကုန်းသာရွာသူတဦးကလည်း သူကြုံတွေ့ခဲ့တဲ့ အနေအခြေကို အခုလို ပြောပြပါတယ်။
“အပြန်အလှန်ဖြစ်ကြတာရော လက်နက်ကြီးနဲ့ ထုတာရော အကုန်လုံး ကျမတို့ ရွာထဲကို အကုန်ထုတယ်ရှင်၊ ဆိုတော့ တော်တော်ကို အခြေအနေဆိုးတဲ့ နေ့လို့ပြောရမှာပေါ့နော်၊ တော်တော်ကို စိတ်ဓာတ်ကျတယ်ပေါ့နော်၊ ဘယ်လောက်ထိတောင်တွေးမိလဲဆိုရင် အိမ်ဘေးပတ်ပတ်လည်ကို လက်နက်ကြီးကျတဲ့ အချိန်မှာ “ အော် အေး ငါသေဖို့ပဲရှိတော့တယ်” ဆိုတဲ့ စိတ်မျိုးထိတောင်မှ ကျမတို့တုန်တုန်ကြီးထပြီး နေရတဲ့ အနေအထားပေါ့၊ တညလုံးပိတ်မိနေတယ်လေ။ မနေ့ကတည်းကဖြစ်တဲ့ဟာ တညလုံးပိတ်မိပြီးတော့ မနက်မှ အခြေအနေကြည့်ပြီးတော့ ကိုယ့်ဟာကိုယ်ရုန်းထွက်ပြီးတော့ ဒီလုံခြုံတဲ့နေရာကိုအခုတော့ရောက်ရှိသွားပြီးပေါ့၊ ပျက်စီးတဲ့ဟာတွေ ပြောရမယ်ဆိုရင်တော့ေ တာ်တော်ကို များတယ်ပေါေ့နာ် တချို့အိမ်တွေဆိုရင် ပြာကျသွားတဲ့အထိ ဖြစ်သွားတယ်။”
ကုန်းသာရွာအနီး တောင်ပေါ်ဘက်မှာ စစ်တပ်က တပ်စွဲနေရာယူထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက VOA ကို ပြောကြပါတယ်။
စက်တင်ဘာ ၃၀ ရက် ၁၁ နာရီလောက် ကုန်းသာရွာနားမှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတဦးက ညနေ ၅ နာရီကျော်လောက်မှာ VOA ကို အတည်ပြု ပြောဆိုပါတယ်။
“ပူးပေါင်းတပ်ဖွဲ့တွေပေါ့နော်၊ ဒါမြို့နယ် ဖယ်ခုံ PDFရယ်၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF ပေါ့နော် နောက် ဒီးမော့ဆို PDF ၊နောက်ပြီးတော့ KA ၊ KNDF အဖွဲ့တွေနဲ့ ဒါတိုက်ပွဲဖြစ်ပွားတာရှိတယ်နောက်ထိခိုက်ကျဆုံးတာကတော့ ကျနော်တို့ အတည်ပြုလို့မရဘူးပေါ့နော်၊ကျနော်တို့ဘက်လည်း ဒဏ်ရာရရှိထားတာ မရှိဘူး ဒီနေ့မှာတော့၊ အဲ့ဒါက ဒါနေ့လည်း ၁၁ နာရီကျော်လောက်ကနေပြီးတော့ ဒါတိုက်ပွဲဖြစ်ပွားတာပေါ့၊ အခု၃နာရီခွဲ ၄ နာရီလောက်ထိ ဒါတိုက်ပွဲဖြစ်တယ်၊ အခုလက်ရှိကတော့ လက်နက်ကြီး... ဟိုဝေးဝေး နာရီဝက် ၁၅ မိနစ်ပေါ့ အဲ့လိုမျိုးတစ်ကြိမ်လောက်တော့ကုန်းသာရွာဘက်ကို သူတို့ပစ်ခတ်နေတာတော့ ရှိတယ်ပေါ့နော်။”
မနေ့က မွန်းတည့်ချိန် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ လွိုင်ကော်နယ် ကုန်းသာရွာအနီးတဝိုက်မှာ ကရင်နီပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ် ဘက်က ၆ယောက် ကျဆုံးခဲ့သလို စစ်တပ်ဘက်က အယောက် ၃၀ သေဆုံးပြီး အယောက် ၃၀ လောက်ထိခိုက်ဒဏ်ရာရတဲ့အကြောင်း KNDF သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒေသခံကာကွယ်ရေးတပ်က ထုတ်ပြန်ထားတဲ့ စစ်သားတွေရဲ့သေဆုံးစာရင်းနဲ့ ပတ်သတ်ပြီး VOA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီက လက်နက်အပြည့်တင်လာတဲ့ ကားတစီးကို ဒေသခံကာကွယ်ရေးတပ်က တိုက်ခိုက်မီးရှို့ဖျက်စီးနိုင်ခဲ့သလို ဖယ်ခုံမြို့ စစ်ကောင်စီတပ် (၄၂၂)တပ်ရင်းအနီးမှာရှိတဲ့ ခေါင်းမိုးတောင်နဲ့ မိုးဗြဲ သဲတောင်စခန်းတို့ကိုလည်း KNDF နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတွေက တပ်ဆုပ်ထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်မှာေ ဖာ်ပြထားပါတယ်။
ယခုရက်ပိုင်း ကရင်နီပြည်နယ်ဘက်မှာ တိုက်ပွဲပြင်းထန်လျက်ရှိနေပြီးတိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီး အသုံးပြုနဲ့ ကျေးရွာဘက်ကို ဦးတည်ပစ်ခတ်လို့ ဒေသခံနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။ကရင်နီနယ်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို VOA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာမရှိသေးပါဘူး။
-------