Kim Jong Un နဲ့ Trump ထိပ်သီး ဖြစ်နိုင်ခြေရှိဆဲ

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အရင်ကစီစဉ်ထားပြီး အများက မျှော်လင့်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးအစည်းအဝေးဟာ ကနဦးစီစဉ်ထားတဲ့အတိုင်း ဖြစ်နိုင်ခြေရှိနေတုန်းပဲလို့ သောကြာနေ့က ပြောပါ တယ်။ ဒီထိပ်သီးအစည်းအဝေးကို ဖျက်လိုက်တဲ့အကြောင်း ကြာသပတေးနေ့က Kim Jong Un ဆီကို စာရေး အကြောင်းကြား လိုက်ပြီးတဲ့ နောက်တရက်မှာပဲ အခုလို ထပ်ပြောလာတာပါ။

“ဘာဖြစ်မယ်ဆိုတာ ကြည့်ကြတာပေါ့၊ ၁၂ ရက်နေ့တောင်မှ ဖြစ်နိုင်ပါသေးတယ်” လို့ ဝါရှင်တန်မြို့တော်အနီးက အမေရိကန် ရေတပ်အကယ်ဒမီမှာ သင်တန်းသားအသစ်တွေကို မိန့်ခွန်းပြောဖို့ အိမ်ဖြူတော်ကနေ မထွက်ခင်မှာပဲ သမ္မတထရမ့်ပ်က ပြော သွားပါတယ်။

ထိပ်သီးအစည်းအဝေးအတွက် အစီအစဉ်တွေပြန်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတာဝန်ရှိသူတွေ ဆွေးနွေးပြောဆိုနေကြတယ်လို့ သမ္မတထရမ့်ပ်ကပြောပါတယ်။ “သူတို့က ဒါကို သိပ်လုပ်ချင်ပါတယ်။ ကျနော်တို့လည်း လုပ်ချင် ပါတယ်။ ဘာဖြစ်မယ်ဆိုတာ ကျနော်တို့ ကြည့်ကြတာပေါ့။” လို့ သမ္မတထရမ့်ပ်ကပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ကလည်း သမ္မတထရမ့်ပ် ပြောစကားအတိုင်းပဲ အမေရိကန်နဲ့ မြောက်ကိုရီးယား အကြား လက်ရှိ ဆက်လုပ်နေတဲ့ ဆွေးနွေးမှုတွေကနေ ထိပ်သီးအစည်းအဝေးလုပ်ဖို့ လမ်းကြောင်းပေါ် ပြန်ရောက်လာနိုင်ပါ တယ်လို့ သောကြာနေ့က သတင်းထောက်တွေကို ပြောပါတယ်။

Your browser doesn’t support HTML5

US Korea Summit