အမေရိကန် LA Galaxy ဘောလုံးအသင်း ဒေးဗစ်ဘက်ခမ်းပုံတူရုပ်တု ထုလုပ်ဂုဏ်ပြု

LA Galaxy ရဲ့ ကွင်းလယ်ကစားသမား David Beckham (ဗဟို)

အမေရိကန်မေဂျာလိဂ်က LA Galaxy အသင်းကတော့ အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း (David Beckham) ရဲ့ ပုံတူရုပ်တုထုလုပ်ပြီး ဂုဏ်ပြုလိုက်ပါတယ်။

ဘက်ခမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူရဲ့ ရုပ်တုကိုလုပ်ပြီး LA Galaxy ဘောလုံးကွင်းရဲ့ အပြင်မှာ ထားရှိသွား မယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။ ဒါဟာ အမေရိကန် မေဂျာလိဂ်ဘောလုံးသမိုင်းမှာ ရုပ်တုထုလုပ်ပြီး ဂုဏ်ပြုခံရတဲ့ ပထမဆုံး ဘောလုံးသမားလည်းဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းရဲ့ ပုံတူကြေးရုပ်ထုကိုတော့ လာမယ့် မေဂျာလိဂ်ဘောလုံးရာသီ အဖွင့်ပွဲမတိုင်ခင် မတ်လ ၂ ရက် နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ၂၀၀၇ ခုနှစ်မှာ LA Galaxy အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဥရောပနာမည်ကြီး ကစားသမားတွေထဲက အမေရိကန်မေဂျာလိဂ်ကို ပထမဆုံးပြောင်းရွှေ့လာတဲ့ ထိပ်တန် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဘက်ခမ်းက မေဂျာလိဂ်ကို ပြောင်းပြီးနောက်ပိုင်းမှာ ဥရောပက နာမည်ကြီးကစားသမားတွေ အတော် များများလည်း မေဂျာလိဂ်ကို ပြောင်းရွှေ့တာတွေရှိလာခဲ့ပါတယ်။ Beckham ဟာ LA Galaxy အသင်းမှာ ၉၈ ပွဲကစားပြီး ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ LA Galaxy နဲ့ အတူ မေဂျာလိဂ်ဖလားကို ရခဲ့ပါတယ်။

Your browser doesn’t support HTML5

အမေရိကန် LA Galaxy ဘောလုံးအသင်း ဒေးဗစ်ဘက်ခမ်းပုံတူရုပ်တု ထုလုပ်ဂုဏ်ပြု