ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် စက်မှုဇုန်အတွင်းမှာရှိတဲ့ E- Land Myanmar အထည်ချုပ်စက်ရုံက အထည်ချုပ် အလုပ်သမား (၉၀၀) လောက် ဟာ အခြေခံ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် စက်ရုံရှေ့မှာ ဒုတိယအကြိမ်အဖြစ် သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ လုပ်သက်အလိုက် အခြေခံလစာ (၃)သောင်း ပတ်ဝန်းကျင်ပဲ ရရှိကြတဲ့ အလုပ်သမားတွေဟာ ရှားပါးစရိတ် အနေနဲ့ ငွေကျပ်(၃)သောင်းထပ်မံတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမား အခွင့်အရေး အပြည့်အဝပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ သွားရောက် သတင်းယူထားတဲ့ ကိုစည်သူ က ပြောပြပေးမှာပါ။
ရွှေပြည်သာစက်မှုဇုန်ထဲက E-Land Myanmar အထည်ချုပ်စက်ရုံအလုပ်သမား( ၉၀၀ ) လောက် ဟာ သူတို့ရရှိနေတဲ့ အခြေခံလစာတိုးမြှင့်ရရှိရေးအတွက် စက်ရုံရှေ့မှာ ထိုင်သပိတ်မှောက်ဆန္ဒပြနေကြတာပါ။ တစ်နေ့လုပ်ခ ၉၀၀ နဲ့ ၁၁၀၀ ကြားပဲရရှိကြတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် အခုလိုဆန္ဒပြကြရတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းက ပြောပါတယ်။
"အဓိကလိုချင်တာက ကျနော်တို့က အခြေခံလစာနည်းလို့ဖြစ်တာ။ အခြေခံလစာက Basic ဒိဂျစ်နဲ့တွက်ရင် ကျနော်တို့ထဲမှာ အေပေါ့နော် အေ ပလပ်စ် ဆိုတာ တစ်ခုပဲရှိတယ်။ အော်ပရေတာ။ အခြေခံလစာက ၃၂ လောက်ပဲရှိတယ်။ အခြေခံလစာ။ အဲဒါကို နည်းလို့ သုံးသောင်းထပ်တောင်းတာ။ မပေးဘူး။"
စက်ရုံစတင်လည်ပတ်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မပြေလည်တာတွေ သည်းခံခဲ့ပေမဲ့ အလုပ်ရှင်ဖက်ကဖြည့်ဆည်းပေးမှု ဘာမှ မရှိတာကြောင့် ဆန္ဒပြရတာဖြစ်ကြောင်း အင်ဂျင်နီယာဌာနက ကိုထွန်းထွန်းကျော်က ပြောပါတယ်။
"အရင်တုန်းကလည်း ရှိခဲ့တယ်။ ရှိနေကြတယ်။ ဒါပေမယ့် လူတွေက တစ်ဖြေးဖြေးနဲ့ သီးညည်းခံပြီးတော့ လုပ်လာတာ။ အော်သူတို့တွေ တိုးပေးလာမလား။ ကိုယ်တွေကို ပြန်ပြီးတော့ ပြန်ကြည့်လာမလားဆိုပြီးတော့ သီးညည်းခံနေကြတာပါ။ အခု သူတို့တွေကို ကျနော်တို့တွေတောင်းဆိုတယ်။ ချက်ခြင်းကြီး ကျနော်တို့ အပြင်ထွက်တာလည်း မဟုတ်ပါဘူး။ သူတို့အထဲထဲမှာ အေးအေးဆေးဆေး ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုကတည်းက သူတို့တွေက ဘူးခါခဲ့တာ။"
အခုလိုဆန္ဒပြနေကြတာဟာ ဒုတိယအကြိမ်အဖြစ် သပိတ်စခန်းပြန်လည် စတင်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်ရှင်၊အလုပ်သမား ညှိုနှိုင်းဖြန်ဖြေရေးအဖွဲ့ရဲ့ ညှိုနှိုင်းမှုနဲ့ (၉)ရက်တာ ဆန္ဒပြမှု အောင်မြင်ခဲ့ပြီးကာမှ အလုပ်ရှင်ဖက်က ကတိဖောက်ဖျက်ခဲ့လို့ အခုလိုသပိတ်လှန်ပြီးမှ သပိတ်ပြန်မှောက် ရတာဖြစ်တဲ့အကြောင်း ဆန္ဒပြ အလုပ်သမားတွေ ကပြောပါတယ်။ တောင်းဆို ဆန္ဒပြနေ တာတွေကို လိုက်လျောတဲ့အထိ အစွမ်းကုန် တောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။
"ဘယ်လို ဘယ်အခက်အခဲတွေဖြစ်လာပါစေ။ ညီမတို့မိုးတွေရွာတဲ့ ညမှာလည်း မိုးရွာတောထဲမှာ မတ်တပ်ရပ်ခဲ့ရပါတယ်။ အဲလို ရပ်ခဲ့တယ်။ ရှေ့လျှောက် လာမယ့် အခက်အခဲတွေကိုလည်း ညီမတို့ ဒီသူငယ်ချင်းအားလုံးနဲ့ပဲ လက်တွဲ ပူးပေါင်းပြီးတော့ ရှေ့အထိ ဆက်ချီတက်သွားမှာပါ။ ဘယ် အခက်အခဲတွေပဲ ရှိရှိ။ နောက်ဆုတ် မသွားပါဘူး။ ဒီလို ညီမတို့ကို အောင်မြင်၏။ မအောင်မြင်၏။ မျှော်လင့်ချက်ဆိုတာ မရှိပေမယ့်လည်း ညီမတို့ စိတ်ဓာတ်တွေဟာ နောက်ဆုတ်မသွားဘဲနဲ့ ရှေ့ကိုပဲဆက်ပြီးသွားမှာပါ"
အထည်ချုပ်စက်ရုံ အလုပ်သမားအများစုရဲ့ လုပ်ခလစာဟာ အလွန် နည်းပါးနေပြီး လူတန်းစေ့နေနိုင်ရေး မဆိုထားနဲ့ အခြေခံ စားဝတ်နေရေးတောင် ပြေလည်အောင်ဖြေရှင်းဖို့ ခက်ခဲနေကြတဲ့အကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမြို့နယ်အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
"တစ်ချိန်တုန်းကကျတော့ ပေါပေါပဲပဲနဲ့ ရသလောက်လေ အဲဒီလို ပိုက်ဆံပေးပြီး ခိုင်းခဲ့တာ မှန်တယ်။ အာဆီယံစံနှုန်းနဲ့ တိုင်းမယ်ဆိုရင် မြန်မာနိုင်ငံက လုပ်ခလစာ အနည်းဆုံးပါ။ ၉၀၀- ၁၀၀၀ ဆိုတာ ဘယ်မှာမှ မရှိဘူး။ ဒါပေမယ့် တို့နိုင်ငံက လူတွေက လုပ်နေကြရတယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ် ပျက်သွားရင် နောက်အလုပ်တစ်ခုရှာဖို့ဆိုတာလေ မရှာချင်ကြတာရယ်။ ဖြစ်ပြီးမှ မထူးတော့ဘူး။ ဒီစက်ရုံဝင်ပြီးမှပဲဆိုပြီးတော့ နှမျောတယ်ပေါ့နော်။ သူ့ရဲ့ လုပ်နေတဲ့ လုပ်သက်နှစ်ကို နှမျောပြီးတော့ နေကြတာပဲ။ တကယ်ဆိုလို့ရှိရင် ဒီ ကျန်တဲ့နေရာတော့မသိဘူး ဒီရွှေပြည်သာကတော့ တော်တော်များ တစ်ချို့ ဘေ့စစ်ကြေးက နှစ်သောင်းခွဲလောက်ပဲရှိတယ်။ အဲဒီလောက်နဲ့ ကုတ်ကပ်ပြီး လုပ်နေကြရတာ။ ဘယ်သူလုပ်နိုင်မလဲ။ အပြင်မှာ နှစ်သောင်းခွဲ ဆိုတာ တစ်ချို့လူတွေတစ်နေ့ တစ်ဝိုင်းစာ မရှိပါဘူး။ အဲတာကို အလုပ်သမားတစ်ယောက်က တစ်လ သူ့ဘဝအတွက်လေ ပေးပြီး လုပ်နေကြရတာ။ အစိုးရအဖွဲ့က ဒါကို ညှိညှိနှိုင်းနှိုင်းနဲ့ပေါ့နော်။ အမတို့က နွေတုန်းက ဆန္ဒဖော်ထုတ်လိုက်တယ်။ သုံးထောင်ကို တကယ်ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း တွန်းအားပေးမှာပါ"
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ခဲ့တဲ့ အခြေခံလစာတိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုမှုတွေကြောင့် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စက်ရုံ အလုပ်ရုံတွေကို အလုပ်သမားတွေအတွက် အခြေခံလစာ တိုးမြှင့်ပေးရေး ညွှန်ကြားခဲ့ပေမယ့် လိုက်နာမှုမရှိတဲ့အတွက် အခုလို ဆန္ဒပြတာတွေ ပြန်လည်ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။