ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ယူကရိန်းသမ္မတ Volodymyr Zelenskyy မွေးရပ်မြေ Kryvyi Rih မှာအနည်းဆုံးလူ ၁၀ ယောက်သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရသွားကြတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက အင်္ဂါနေ့ကပြောပါတယ်။ ရုရှားကပစ်တဲ့ ခရုဇ်ဒုံးကျည် ၁၄ စင်းထဲက ၁၀ စင်းနဲ့ အီရန်လုပ်ဒရုန်း ၄ စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ဆိုပါတယ်။
ရုရှားသိမ်းပိုက်နယ်မြေတွေကို ပြန်ရဖို့ရည်ရွယ်ချက်နဲ့ တန်ပြန်ထိုးစစ်အရင်အပတ်က စတင်ကတည်းက ရွာ ခုနစ်ရွာကို ပြန်လည် သိမ်းပိုက်ခဲ့ပြီးပြီလို့ ယူကရိန်းက တနင်္လာနေ့မှာ ပြောပါတယ်။ ယူကရိန်းက ကြိုးစားတဲ့ အတိုင်း အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောပါတယ်။
ယူကရိန်းကိုထောက်ခံရာမှာ အမြင့်ဆုံးထောက်ခံနိုင်အောင်ခု ဆက်လက်ဆောင်ရွက်နေကြောင်း Blinken က သတင်းထောက်တွေကိုပြောပါတယ်။ အနာဂတ်မှာရုရှားကျူးကျော်လာမှာကို တားဆီးနိုင်အောင်လည်း တာရှည်ခံတဲ့ပံ့ပိုးမှုတွေ ပေးနေပါတယ်လို့ သူကဆိုပါတယ်။ ယူကရိန်းမှာသမ္မတပူတင်က ပြီးမြောက်အောင် ကြိုးစားခဲ့တဲ့ ထောင့်က ပြောမယ်ဆိုရင်ဒါက မဟာဗျူဟာကျကျ ကျဆုံးပြီးသွားပါပြီ။ ဒါ က သိပ်ကို အရေးကြီးပါတယ်လို့ မစ္စတာ ဘလင်ကန်က ပြောပါတယ်။
ပြင်သစ်ကလည်း လာမယ့် သီတင်းပတ်တွေမှာ လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ လက်နက်တပ်ဆင်ထားတဲ့ ယာဥ်တွေကို ဆက်လက်ပို့ပေးမယ်လို့ သမ္မတ Emmanuel Macron က ကတိပြုလိုက်ပါတယ်။ ယူကရိန်း ရဲ့ တန်ပြန်ထိုးစစ် အောင်မြင်နိုင်သမျှ အောင်မြင်စေချင်ပါတယ်လို့လည်းသူက ဆိုပါတယ်။ ယူကရိန်း တောင်ပိုင်း Zaporizhzhia ဒေသမှာ ဂျာမန်လုပ် Leopard တင့်ကားနဲ့ အမေရိကန်လုပ် Bradley တိုက်ခိုက်ရေး ယာဥ်တွေကို သိမ်းမိတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့ မှာပြောပါတယ်။
Your browser doesn’t support HTML5