လစ်ဗျား သစ္စာခံတပ်တွေနဲ့ သူပုန်တွေကြား အပြင်းအထန် တိုက်ပွဲဖြစ်

Član Bečkog vegetarijanskog orkestra, čiji muzičari umesto sa gitarama i bubnjevima, svirajui sa instrumentima pravljenim od šargarepe, krastavaca, paprike i praziluka. Orkestar će učestvovati na proslavi 100 godina postojanja pijace San Miguel u Madridu. 

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက သူပုန်တပ်ဖွဲ့တွေကို လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်နေသလို တိုင်းပြည် အရှေ့ဘက်ခြမ်းက တက်လာနေတဲ့ အဲဒီ သူပုန်တပ်ဖွဲ့တွေနဲ့လည်း မြေပြင်တိုက်ပွဲတွေ အပြင်းအထန် ဆင်နွှဲနေပါတယ်။

ဘင်ဂျဝပ် (Bin Jawad) မြို့မှာရှိတဲ့ သူပုန်တပ်ဖွဲ့တွေကို အစိုးရတပ်တွေက တိုက်ထုတ်လိုက်နိုင်တယ်လို့ အေဂျင်စီ သတင်းတွေမှာ ဖော်ပြထားပြီး တိုက်ပွဲတွေမှာ အသေအပျောက် အတော်များတယ်လို့ ဆိုပါတယ်။

ဘင်ဂျဝပ်မြို့နဲ့ ၁၂၄ မိုင်ကျော်ဝေးတဲ့ ကဒါဖီရဲ့ ဇာတိမြို့ ဆာတဲ (Sirte) ကို သူပုန်တပ်ဖွဲ့တွေက ချီတက်နေတာလို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ ဆာတဲမြို့ကို ကဒါဖီ တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး အစိုးရတပ်ဖွဲ့တွေက အဲဒီမြို့ကို စစ်ကူတွေ ထပ်ပို့ထားတယ်လို့ သူပုန်ခေါင်းဆောင် တယောက်က တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

မြို့တော် ထရီပိုလီမှာတော့ တနင်္ဂနွေနေ့ အရုဏ်မတက်ခင် နာရီပေါင်းများစွာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ဘာကြောင့် အဲဒီလို အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်ပွားတယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ မီစ်ရာတာ (Misrata) နဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) မြို့တို့ကို ကဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်လိုက်နိုင်တာကို အောင်ပွဲခံတဲ့ အနေနဲ့ သေနတ်တွေပစ်ဖောက် အောင်ပွဲခံခဲ့တာလို့ အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ၂ မြို့စလုံးမှာရှိတဲ့ မြို့ခံတွေနဲ့ မျက်မြင်သက်သေတွေကတော့ အစိုးရတပ်ဖွဲ့တွေ ပြန်သိမ်းပိုက်လိုက်နိုင်တယ် ဆိုတာ မဟုတ်ဘဲ သူပုန်တပ်ဖွဲ့တွေကသာ ဆက်လက် သိမ်းပိုက်ထားတုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ ကဒါဖီ ထောက်ခံသူတွေဟာ ထရီပိုလီမြို့က လမ်းမတွေပေါ်မှာ တနင်္ဂနွေနေ့က ထွက်လာပြီး အောင်ပွဲခံတဲ့ အနေနဲ့ အလံတွေဝှေ့ယမ်း၊ ကားဟွန်းတွေတီးပြီး သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

သူပုန်တပ်ဖွဲ့တွေက တိုင်းပြည် အရှေ့ဘက်ခြမ်း အများစုကို သိမ်းပိုက်ထားပေမဲ့ မစ္စတာ ကဒါဖီ အစိုးရကတော့ မြို့တော် ထရီပိုလီကို ဆက်လက် သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။