လစ်ဗျားမှာ သတင်းထောက် ၅ ဦး အသတ်ခံရ

FILE - A woman releases a dove as a symbol of peace during a rally against the Islamic State group, in Jakarta, Indonesia, Sept. 5, 2014.

FILE - A woman releases a dove as a symbol of peace during a rally against the Islamic State group, in Jakarta, Indonesia, Sept. 5, 2014.

လစ်ဗျားနိုင်ငံမှာ လွန်ခဲ့တဲ့ (၈) လလောက်ကတည်းက ပျောက်ဆုံးနေတဲ့ ပုဂ္ဂလိက ရုပ်မြင်သံကြား သတင်းဌာနက တီဗွီ သတင်းထောက် ၅ ဦးကို စစ်သွေးကြွတွေက သတ်ပစ်လိုက်တယ်လို့ လစ်ဗျား အရာရှိတွေက ပြောပါတယ်။

လည်ပင်းကို လှီးပြီး သတ်ခံထားရတဲ့ အဲဒီ သတင်းထောက်တွေရဲ့ အလောင်းတွေကို တိုင်းပြည်အရှေ့ပိုင်း Bayda မြို့အနီးမှာ တနင်္လာနေ့က တွေ့ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံအခြေစိုက် Barqa ရုပ်မြင်သံကြားဌာနမှာ အလုပ်လုပ်နေကြတဲ့ အဲဒီ သတင်းထောက်တွေဟာ မနှစ် သြဂုတ်လအတွင်း နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လစ်ဗျားလွှတ်တော် Tobruk မြို့မှာ ဖွင့်လှစ်တဲ့အကြောင်း သတင်းသွားယူတဲ့အချိန် ပြန်ပေးဆွဲခံခဲ့ကြရတာ ဖြစ်ပါတယ်။

သူတို့ကို ဘယ်သူသတ်တယ်ဆိုတာတော့ ထုတ်ဖော် ပြောဆိုလာသူ မရှိသေးပါဘူး။ ဒါပေမယ့် လစ်ဗျား အရာရှိတွေနဲ့ IFJ နိုင်ငံတကာ သတင်းထောက်များ အဖွဲ့တို့ကတော့ သူတို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေက သတ်ဖြတ် လိုက်တာလို့ အပြစ်ဖို့ထားပါတယ်။

ISIS အဖွဲ့က လူတွေ ခြောက်လှန့်ဖို့ ရည်ရွယ်ပြီး သတင်းထောက်တွေ အခုလို သတ်ဖြတ် ခံလိုက်ရတဲ့အတွက် အထူး တုန်လှုပ်မိကြောင်း၊ ဒါပေမယ့် သူတို့အနေနဲ့ ဝမ်းနည်း ကြေကွဲပြီး ဒီ သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို အရေးယူတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း IFJ အဖွဲ့ ဥက္ကဌ Jim Boumelha က တနင်္လာနေ့မှာ ပြောပါတယ်။

လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီကို အစ္စလာမ်မစ် စစ်သွေးကြွတွေ မနှစ်က သိမ်းပိုက်လိုက်ပြီးတဲ့ နောက်ပိုင်း လစ်ဗျား အစိုးရနဲ့ လွှတ်တော်ကို Tobruk မြို့မှာ ပြောင်းရွေ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။