Ballon d’Or ရွှေဘောလုံးဆုကို မက်ဆီ ၇ ကြိမ်မြောက် ဆွတ်ခူး

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံးဘောလုံးသမားဆု ရွှေဘောလုံးဆုကိုရရှိခဲ့တဲ့ အာဂျင်တီးနား နဲ့ PSG တိုက်စစ်မှူး လီယိုနယ်လ်မက်ဆီ (နိုဝင်ဘာလ ၂၉၊ ၂၀၂၁)

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံးဘောလုံးသမားဆု ရွှေဘောလုံးဆုကို အာဂျင်တီးနား နဲ့ PSG တိုက်စစ်မှူး လီယိုနယ်လ်မက်ဆီက ရသွားခဲ့ပါတယ်။ ဒါဟာမက်ဆီအတွက်တော့ Ballon d'Or လို့ခေါ်တဲ့ ရွှေဘောလုံးဆုကို ၇ ကြိမ် မြောက် ရရှိတာဖြစ်ပါတယ်။မက်ဆီက စုစုပေါင်း ရမှတ် ၆၁၃ မှတ် နဲ့ ပထမရခဲ့ပြီး၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး Robert Lewandowski က ၅၈၀ မှတ် နဲ့ ဒုတိယရပြီး၊ အီတလီ နဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား Jorginho က ၄၆၀ နဲ့ တတိယရပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်း ၂၀၂၁ ကိုပါ အမေရိကဖလား ဗိုလ်စွဲခဲ့တဲ့ နေရာမှာ အဓိကကျခဲ့တာကြောင့် ရွှေဘောလုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

“အခု ဒီနေရာကို ပြန်ရောက်ပြီး ဆုယူရတာ တကယ်ကို မယုံနိုင်လောက်အောင်ပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ရတုန်းက အဲဒါဟာ နောက်ဆုံးအကြိမ်လို့ထင်ခဲ့တယ်။ အခုတကြိမ် ဒီဆုထပ်ရတာဟာ ကိုပါ အမေရိကဖလားကို အနိုင်ရတာက အဓိကဖြစ်တယ်လို့” မက်ဆီက ရွှေဘောလုံးဆုကို လက်ခံအပြီးမှာ ပြောပါတယ်။

မက်ဆီဟာ Ballon d’Or ဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅ ၊ ၂၀၁၉နဲ့ အခုနှစ် ၂၀၂၁ ခုနှစ်တွေမှာ ၇ ကြိမ်မြောက် ရရှိပြီး အများဆုံး စံချိန်တင်ထားတာဖြစ်ပါတယ်။ လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ခရစ္စတီယာနို ရိုနာလ်ဒိုက ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄ ၊ ၂၀၁၆၊ နဲ့ ၂၀၁၇ တွေမှာ ၅ ကြိမ် နဲ့ ဒုတိယ အများဆုံးရထားတာဖြစ်ပါတယ်ခင်ဗျာ။

----------------------------

Ballon d’Or ရှှဘေောလုံးဆုကို မကျဆီ ၇ ကွိမျမွောကျ ဆှတျခူး




