လွိုင်ကော်မှာ တိုက်ပွဲ ပြင်းထန်နေဆဲ

Your browser doesn’t support HTML5

တစ်လေးလုံး စစ်ဆင်ရေး စတင်ကတည်းက တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ် လွိုင်ကော်မြို့ ပေါ်မှာ အခုချိန်ထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မြို့ရဲ့ နေရာ အတော်များများမှာ တော်လှန်ရေး တပ်ပေါင်းစုတွေဘက်က ထိန်းချုပ်ထားနိုင်ပြီးလို့ ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့ KNDF က ဗွီအိုအေကို ပြောပါတယ်။