ရန်ကုန်ကပို့တဲ့ စိတ်ကြွဆေးပြားကီလို စံချိန်ချိုး မလေးရှားဖမ်းဆီး

မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံထဲကိုတင်ပိုလိုက်တဲ့ကုန်သေတ္တာ container တခုအတွင်း ကာလတန်ဖိုးအားဖြင့် မလေးရင်းဂစ် ၇၁ သန်း (17.83023 million U.S. dollars) တန်ဘိုးရှိတဲ့ မူးယစ်စိတ်ကြွဆေး ၁၁၈၇ ကီလိုကို မလေးရှားနိုင်ငံမှာ အများဆုံးဖမ်းမိခဲ့တယ်လို့ မလေးအာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ စိတ်ကြွဆေးပမာဏ အများဆုံးဖမ်းဆီးတာဖြစ်တယ်လို့လည်းဆိုပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

အခုဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ လက်ဖက်ခြောက်ပုံစံအထုတ်တွေလုပ်ပြီး မြန်မာနိုင်ငံ ရန်ကုန်ကနေ ကွန်တိန်နာတခုအတွင်းမှာ ထည့်ပြီး ရန်ကုန်မြို ဆိပ်ကမ်းကနေ ပင်လယ်ရေကြောင်းကတဆင့် Port Klang ဆိပ်ကမ်းကို ပို့လိုက်တာလို့မလေးရှားအကောက်ခွန်ညွန်ကြားရေးမှူးချုပ် Datuk Seri T Subromaniam ဒူတပ်စီရီ ကသတင်းစာရှင်းလင်းပွဲပြောဆိုခဲ့တာပါ။

စီလန်ကော ပြည်နယ် Seri Kembangan စီရီကမ်ဘင်ဂန် က စူပါမားကက် တခုအတွင်းမှာ အကောက်အခွန် အရာရှိတွေက ဝင်ရောက် စစ်ဆေးရင်း မူးယစ်ဆေးဝါး အထုတ်တွေကို မေလ၂၂ရက်နေ့က တွေ့ရှိသွားခဲ့တာလို့လည်းဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးအသက် ၂၂ ကနေအသက် ၄၈ နှစ်အတွင်းရှိတရားခံ ငါးဦးကို ဖမ်းဆီးလိုက်ခဲ့ရာ မြန်မာနိုင်ငံသား သုံးဦးနဲ့ မလေးနိုင်ငံသားနှစ်ဦးကို ဖမ်းဆီခဲ့တာပါ။ ဒီထဲမှာတော့ အသက် ၃၁ နှစ်ရှိ စူပါမားကက် အရောင်းဆိုင်ရဲ့ ဒါရိုက်တာ အမျိုးသမီးတဦး ပါဝင်တယ် လို့မလေးရှားသတင်းတွေမှာဖေါ်ပြနေပါတယ်။ အခုဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ မြန်မာနိုင်ငံ ရန်ကုန်ကနေကွန်တိန်နာ တခုအတွင်းမှာ ထည့်ပြီး ရေလမ်းကနေ Port Klang ဆိပ်ကမ်းကို စားသောက်ကုန်တွေအဖြစ် ပို့လိုက်တာလို့မလေးအကောက်ခွန်ညွန်ကြားရေးမှူးချုပ် Datuk Seri T Subromaniam ဒူတပ်စီရီ က ကနဦးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲပြောကြားခဲ့ပါတယ်။ ဒါပေမဲ့စစ်ဆေးစုံစမ်းမူတွေဆက်လုပ်နေတယ်လို့လည်းဆိုပါတယ် ။ ဒါပေမဲစစ်ဆေးစုံစမ်းမူတွေဆက်လုပ်နေတယ်လို့လည်းဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုတော့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ စိတ်ကြွဆေးနေနဲ့ ပတ်သက်လို့ အာရှနိုင်ငံအတွင်းမှာ အဓိက ထုတ်လုပ်ရောင်းချနေတာတွေကြီးထွားလာနေတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကိုခြိမ်းခြောက်မူအသွင်ဖြစ်နေတယ်လိုလည်းကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မူဆိုင်ရာရုံး UNODC ကလည်းပြောဆိုထားပါတယ်။ ထိုင်းနိုင်ငံမှာတော ထိုင်း-မြန်မာနယ်စပ်လမ်းတွေကနေ ဝင်ရောက်လာနေတဲ့ စိတ်ကြွဆေးတွေကြောင့့် မေလ တပတ်အတွင်းမှာပဲ စိတ်ကြွဆေး သန်း ၂၀လောက်ဖမ်းဆီးခဲ့တာပါ ထိုင်းသူတို့နိုင်ငံဟာမူယစ်ဆေးဝါးနဲပတ်သက်လို့စိန်ခေါ်မူတွေရင်ဆိုင်နေရတယ် ဒီအတွက် မြန်မာအစိုးရနဲပူးပေါင်းပြီး ဆက်တိုက်ဖမ်းဆီးတိုက်ဖျက်မူတွေအရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ရန်ကုန်ကပို့တဲ့စိတ်ကြွဆေးပြား ကီလိုစံချိန်ကျိုး မလေးရှားဖမ်းဆီး