ဘင်္ဂလားပင်လယ်အော်ထဲမှာ လှေမှောက်လို့ ဒုက္ခရောက်နေတဲ့ မြန်မာပြည်ဘက်က လှေစီးပြေး ဒုက္ခသည်တွေ ကို မလေးရှားနိုင်ငံက လက်ခံလိုက်တာဟာ မလေးရှားအာဏာပိုင်တွေအနေနဲ့ လူသားချင်းစာနာ ကူညီမှု ရှိတယ်ဆိုတာ ပြလိုက်တာဖြစ်တယ်လို့ UNHCR က ချီးကျူးပြောဆို ပါတယ်။ ဒုက္ခသည်တွေကို လတ်တလော မလေးရှားအာဏာပိုင်တွေဘက်က ကူညီထားပြီး UNHCR ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး က တွေ့ခွင့်ရဖို့ ကြိုးစားနေတယ် လို့လည်း သိရပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဒီဇင်ဘာလဆန်းပိုင်းက ဘင်္ဂလားပင်လယ်အော်ထဲမှာ အဲဒီ ဒုက္ခသည်တွေရဲ့လှေ တိမ်းမှောက်သွား တာကို ဗီယက်နမ် ကုန်တင်သင်္ဘောတစင်းက ကယ်တင်ထားတာပါ။ ဒီလူတွေကို လက်ခံပေးဖို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးအနေနဲ့ စင်ကာပူနိုင်ငံကို ကနဦး မေတ္တာ ရပ်ခံခေဲ့ပေမယ့် စင်ကာပူဘက်က အဲဒီဒုက္ခသည်တွေကို ဝင်ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။ နောက် ပိုင်းမှာ မလေးရှားနိုင်ငံက ဒီဒုက္ခသည်တွေကို လက်ခံလိုက်တာပါ။ ဒီလို လူသားချင်း စာနာ ထောက်ထားမှုအတွက် မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်အပေါ် ချီးကျုးတဲ့အကြောင်း UNHCR မလေးရှားရုံးခွဲက ပြောခွင့်ရသူ Yante Ismail က ဗွီအိုအေကို ပြောပါတယ်။
“မလေးရှား ရေကြောင်းဦးစီးဘက်က အတည်ပြုတဲ့သတင်းအရဆိုရင် ခရီးသွားဒုက္ခသည် စုစုပေါင်း ၄၀ ရှိပါတယ်။ မနေ့တုန်းက မလေးရှားအာဏာပိုင်တွေဘက်က လက်ခံခဲ့တာပါ။ ဒါဟာ တကယ်တော့ မလေးရှား အစိုးရအနေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို နိုင်ငံတကာစံနှုန်းစံထားနဲ့အညီ လူသားချင်း စာနာထောက်ထားမှု ရှိတယ်ဆိုတာ ပြလိုက်တာပါပဲ။”
အခု ဒုက္ခသည်တွေဟာ ရိုဟင်ဂျာတွေဟုတ်မဟုတ်ဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပေမယ့် ထုံးစံ အားဖြင့် ဆိုရင်တော့ အဲဒီ လှေစီးပြေးဒုက္ခသည်တွေဟာ ဘင်္ဂလားပင်လယ်အော်ကနေ ထိုင်း၊ မလေး ရှား စတဲ့ နိုင်ငံတွေကို သွားလေ့ရှိကြတာပါ။ အခု ဒုက္ခသည်တွေဟာ ဘင်္ဂလားပင်လယ်အော် ထဲ လှေမှောက်ပြီး သူတို့ကို မကယ်နိုင်ခင် နာရီအတန်ကြာ ပင်လယ်ထဲမှာ နေခဲ့ကြရတယ်လို့ သိရပါ တယ်။ လှေပေါ်ပါတဲ့ အားလုံးကို ကယ်တင်နိုင်တာလား၊ ပင်လယ်ထဲ သေဆုံးသူ ရှိမရှိ ဆိုတာလည်း မသိရသေးပါဘူး။ မလေးရှားအစိုးရ ဘက်ကတော့ ဒုက္ခသည်တွေကို လက်ခံလိုက်တယ်ဆိုတာပဲ အတည်ပြုနိုင်ပြီး အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။ UNHCR ဘက်ကလည်း သူတို့နဲ့ တွေ့ခွင့်မရသေးဘူးလို့ Yante Ismail က ပြောပါတယ်။
“အခုလက်ရှိအားဖြင်တော့ အဲဒီ ခရီးသွား ၄၀ ဟာ မလေးရှားအစိုးရရဲ့ စောင့်ရှောက်မှုအောက်မှာပဲ ရှိနေပါသေးတယ်။ မလေးရှားတောင်ပိုင်းက အစိုးရအဆောက်အဦးတခုမှာ ထားထားပါတယ်။ ကျမတို့ အနေနဲ့တော့ သူတို့ကို မတွေ့ရသေးပါဘူး။ ဒါကြောင့် သူတို့အခြေအနေကိုလည်း အသေးစိတ် မသိရ သေးပါဘူး။ ဒါပေမယ့် သူတို့တွေ့ခွင့်ရဖို့အတွက် မလေးရှားအစိုးရကို မေတ္တာရပ်ခံထားပါတယ်။”
ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေဟာ အရှေ့တောင်အာရှ ပတ်ဝန်းကျင်နိုင်ငံတွေအပြင် သြစတြေးလျ နိုင်ငံဘက်အထိပါ လှေတွေနဲ့ ဝင်ရောက်ခိုလှုံတဲ့အတွက် ဒေသအတွင်းမှာ အတော်လေး ဂယက်ရိုက်ခဲ့ ဖူးပါတယ်။ လှေနဲ့သွားလာရင်း ပင်လယ်ထဲမှာပဲ အစာရေစာ ငတ်ပြတ်ပြီး အခြား သင်္ဘောတွေက ကယ်တင်ခဲ့ရတာ အကြိမ်ကြိမ်ပါ။ ဒါပေမယ့်လည်း နိုင်ငံအတော်များများက သူတို့ကို လက်ခံဖို့ တွန့်ဆုတ် ပါတယ်။ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်း အခုနှစ်ပိုင်း လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပြီးတဲ့နောက် ရိုဟင်ဂျာအရေးကိစ္စဟာ ဒေသအတွင်း ပိုပြီး ထင်ပေါ်လာပါတယ်။ မကြာခင်ရက်ပိုင်းမှာပဲ ကမ္ဘာ့ အစ္စလာမ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံတွင်းက အခြေအနေအရပ်အရပ်ကြောင့် OIC မြန်မာပြည်သွားမယ့်ခရီးစဉ်ကို ယာယီရွှေ့ဆိုင်းထားရတာဖြစ်ပြီး မကြာခင် မြန်မာပြည်ကို သွားရောက်ဖို့ရှိတယ်လို့ OIC အတွင်းရေးမှူးချုပ် ပါမောက္ခ Ekmeleddin Ihsanoglu က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။