ဗုံးလန့်မှုကြောင့် မန်ယူပွဲ ဖျက်သိမ်း

Manchester United ဘောလုံးကွင်းရှေ့

မန်ယူ (Manchester United) ဘောလုံးကွင်းမှာ တနင်္ဂနွေနေ့က တွေ့ခဲ့တဲ့ ပေါက်ကွဲစေနိုင်တဲ့အရာဝတ္ထုလို့ သံသယရှိရတဲ့ ပစ္စည်းကို စနက်တံ ဖြုတ်လိုက်တဲ့အခါမှာ အစစ်မဟုတ်ဘူးဆိုတာ တွေ့ရှိခဲ့ရကြောင်း ဗြိတိသျှ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ အရာဝတ္ထုဟာ ဖောက်ခွဲရေးပစ္စည်း အစစ်နဲ့ အရမ်းတူလွန်းကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်ပြီး မန်ယူရဲ့ အိမ်ကွင်းဖြစ်တဲ့ Old Trafford ဘောလုံးကွင်း တကွင်းလုံးကို စစ်ဆေး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောပါတယ်။

အင်္ဂလိပ် Premier League ဘောလုံးပွဲစဉ်မှာ Bournemouth အသင်းနဲ့ နောက်ဆုံးပွဲစဉ် ကစားကြဖို့ မိနစ် ၂၀ လောက် အလိုမှာ အဲဒီ ပေါက်ကွဲစေနိုူင်တဲ့ ပစ္စည်းနဲ့တူတဲ့ အရာကို တွေ့ပြီးတဲ့နောက် ပရိတ်သတ် ၇ သောင်းခွဲကျော်ဆန့်တဲ့ မန်ယူဘောလုံးကွင်းထဲမှာ ရှိနေတဲ့ ထောင် သောင်းချီတဲ့ ပရိတ်သတ်တွေ ဘေးလွတ်ရာ ချက်ခြင်း ထွက်ခွာသွားကြဖို့ အာဏာပိုင်တွေက အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်း တွေ့ရှိခဲ့တဲ့အတွက် ဘောလုံးပွဲကို အချိန်ရွေ့ကစားကြဖို့ အစောပိုင်းမှာ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပွဲကို ဖျက်လိုက်ပါတယ်။

အဲဒီ ပေါက်ကွဲစေနိုင်တဲ့ အရာဝတ္ထုဟာ လေ့ကျင့်ရေးမှာ အသုံးပြုတဲ့ ပစ္စည်းဖြစ်ပြီး အစောပိုင်းက ပုဂ္ဂလိက ကုမ္ပဏီတခုက လေ့ကျင့်ရေး လုပ်ပြီး ပြန်သိမ်းဖို့ မေ့ကျန်ခဲ့တဲ့ ပစ္စည်းဖြစ်တယ်လို့ တခြား သတင်းတွေမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ဗုံးလန့်မှုကြောင့် မန်ယူပွဲ ဖျက်သိမ်း

Your browser doesn’t support HTML5

လုံခြုံရေးကြောင့် Premeir League နောက်ဆုံးပွဲ ရွှေ့ဆိုင်း