Zawgyi/Unicode
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ အစောပိုင်းကာလတွေကလောက် အားမကောင်းတော့ပေမယ့်လည်း ဖြိုခွဲဖမ်းဆီးမှုတွေရှိနေတဲ့ကြားကပဲ ဒေသတချို့မှာ နေ့စဉ်မပြတ် ဆန္ဒပြနေကြဆဲပါ။
မန္တလေးမြို့မှာ ဒီကနေ့ သပိတ်စစ်ကြောင်းတခုကို စစ်တပ်နဲ့ရဲက အရပ်ဝတ်တွေနဲ့ အရပ်ကားတွေသုံးပြီး ပစ်ခိတ်ဖြိုခွဲတဲ့အတွက် မိန်းကလေးတဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး နောက် မိန်းကလေးတဦး အဖမ်းခံထားရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ကိုးကားပြီး ပြည်တွင်းကလာတဲ့သတင်းတွေမှာ ရေးထားပါတယ်။
အဲဒီကြားထဲမှာပဲ သံဃာ့သမဂ္ဂ သပိတ်စစ်ကြောင်း၊ ဘာသာပေါင်းစုံ သပိတ်စစ်ကြောင်းတွေ ထွက်ခဲ့ကြပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ စစ်တပ်နဲ့ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူတွေ သေဆုံး ဒဏ်ရာရခဲ့တဲ့ ၆ လပြည့် အထိမ်းအမှတ်အဖြစ် မိုးရွာနေတဲ့ကြားမှာပဲ လူငယ်တွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံမြို့မှာတော့ နှင်းဆီရောင် အမျိုးသမီးထု သပိတ်စစ်ကြောင်းဆိုပြီး အမျိုးသမီးတွေ စုဝေးပြီးတော့ ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းမှာ ရွှေဘိုမြို့၊ ကလေးမြို့၊ ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်းတွေ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်မှာတော့ လှိုင်မြို့နယ်ဘက်မှာ နေ့လည်ပိုင်းက ပေါက်ကွဲသံတွေနဲ့ ပစ်ခတ် သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ဗွီအိုအေကိုပြောပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့နေ့ကနေ ဒီကနေ့အထိဆိုရင် ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွဲတာ၊ ဖမ်းဆီးသွားပြီးတဲ့နောက် သေဆုံးသွားတာ စတာတွေကြောင့် သေဆုံးသူအရေအတွက် ၁,၀၂၆ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။ ခုချိန်ထိ ဖမ်းဆီးခံထားရသူ အရေအတွက် က ၆,၀၀၅ ယောက်ထိရှိပြီလို့လည်း AAPP ကပြောပါတယ်။
AAPP ကပြောတဲ့ အရေအတွက်ဟာ လုပ်ကြံချဲ့ကားထားတာလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပေမယ့် AAPP ဘက်ကတော့ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ သေဆုံး ဖမ်းဆီးခံရသူ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းပြီး ကောက်ယူစုဆောင်းထားတာလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5
=======
Unicode
မန်တလေးဆန်ဒပွပှဲ ပဈခတျဖွိုခှဲခံရ၊ တဦးဒဏျရာရပွီး တဦးဖမျးခံရ