တောင်အာဖရိကခေါင်းဆောင်ဟောင်း မန်ဒဲလား ၉၄ နှစ်ပြည့်

မစ္စတာမဲန်ဒဲလားရဲ့ နိုင်ငံရေးလုပ်သက် ၆၇ နှစ်ကို ဂုဏ်ပြုပြီး သူ့မွေးနေ့မှာ ကမ္ဘာတဝန်း ၆၇ မိနစ် ကြာ ပရဟိတလုပ်အားပေးကြပါတယ်။

Your browser doesn’t support HTML5

Mandela_071812


ဒီကနေ့ကျရောက်တဲ့ တောင်အာဖရိက နိုင်ငံ့ခေါင်းဆောင်ဟောင်း Nelson Mandela ရဲ့ အသက် ၉၄ နှစ်ပြည့် မွေးနေ့အတွက် တောင်အာဖရိက ကျောင်းသားကျောင်းသူပေါင်း ၁၂ သန်းက မွေးနေ့သီချင်း ကို သီဆိုပေးခဲ့ကြပါတယ်။

အများပြည်သူနဲ့သက်ဆိုင်တဲ့ ပွဲလမ်းတွေကနေ အနားယူထားတဲ့ Mr. Mandela ကတော့ သူ့ရဲ့ မွေးနေ့ကို အရှေ့တောင်ပိုင်း Qunu မြို့မှာရှိတဲ့ နေအိမ်မှာ မိသားစုနဲ့ပဲ အချိန်ကုန်ဆုံးပါတယ်။ တောင်အာဖရိကမှာ ၆၇ နှစ်ကြာနိုင်ငံရေးလုပ်ခဲ့တဲ့ Mr. Mandela ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာတဝန်း က လူတွေဟာ ၆၇ မိနစ်စီ ပရဟိတအလုပ်တွေမှာ လုပ်အားပေးနေကြပါတယ်။

ကမ္ဘာတဝန်းကနေလည်း မွေးနေ့ဆုတောင်းတွေ ပေးပို့နေကြတဲ့အထဲမှာ တချိန်တုန်းက Robin ကျွန်း အကျဉ်းထောင်မှာ Mr. Mandela နဲ့ ထောင်ကျဖော်ဖြစ်ခဲ့တဲ့ Ahmed Kathrada က Mr. Mandela ဟာ တကယ့်အထင်ကရ နမူနာယူသင့်တဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

တောင်အာဖရိနိုင်ငံမှာ လူဖြူလူမည်း အသားအရောင်ခွဲခြားမှုကို ဦးဆောင်တိုက်ခိုက်ခဲ့သူ Mr. Mandela ဟာ ၂၇ နှစ်ကြာ ထောင်ကျခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်မှာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပါတယ်။ Nelson Mandela ရဲ့ ဆောင်ရွက်မှုတွေကို အားကျ အတုယူပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတည်ဆောက်ကြဖို့ သူ့ရဲ့ မွေးနေ့ ဂျူလိုင်လ ၁၈ ရက်နေ့တိုင်းကို တောင်အာဖရိကမှာ Mandela နေ့အဖြစ်သတ်မှတ်ထားပါတယ်။